အဘူဂျာ၊ ဒီဇင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်မှာ မွတ်ဆလင်ဘာသာရေးအခမ်းအနားတခု ကျင်းပစဉ် လေကြောင်းကနေ မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၈၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ နိုင်ဂျီးရီးယားစစ်တပ်ကအကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင်ဓါးပြတွေကို မှားယွင်းပြီး လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ယူဘာဆာနီကပြောပါတယ်။
စစ်ဆင်ရေးအတွင်းမလိုအပ်ဘဲ ကြေကွဲဝမ်းနည်းစရာဖြစ်ရပ်ကြောင့် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ စစ်သွေးကြွတွေကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးဟာ ရပ်ရွာအတွင်းပြည်သူတွေကိုအမှတ်မထင် ထိခိုက်စေခဲ့ကြောင်း နိုင်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တိုရေးဒ်လက်ဘာဂျာကဒေသခံတွေက ိုတောင်းပန်ခဲ့ပြီး ရွာကိုလည်းသွားရောက်ဂါရဝါပြုခဲ့ပါတယ်။ ဖြစ်စဉ်အပေါ် အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ နိုင်ဂျီးရီးယားသမ္မတတီနူဘူက ညွှန်ကြားထားပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်ဟာ ကျေးရွာတွေကို ဝင်ရောက်စီးနှင်းတိုက်ခိုက်ပြီး ပြန်ပေးဆွဲမှုတွေ လုပ်ဆောင်နေတဲ့ စစ်သွေးကြွနဲ့ လက်နက်ကိုင်ဓါးပြတွေကိုနှိမ်နှင်းဖို့ နှစ်ပေါင်းများစွာ ရုန်းကန်နေရပါတယ်။
Ref:BBC
Photo:Getty Images