ဂျပန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေး ဒီနေ့စတင်ကျင်းပမယ်

 

တိုကျို၊ ဒီဇင်ဘာ-၁၆-၂၀၂၃

မျိုးဆက်(VOM)

ဂျပန်-အာဆီယံ ဆက်ဆံရေးနှစ် ၅၀ ပြည့်အဖြစ် ဂျပန်နဲ့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ တိုကျိုမှာပြုလုပ်မယ့် သုံးရက်ကြာ အထူးထိပ်သီး အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို ဒီနေ့ညနေပိုင်းမှာ ဧည့်ခံပွဲနဲ့စတင်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ ရေကြောင်လှုပ်ရှားမှုတွေ တိုးမြင့်လာတာအပါအဝင် အခြားသော နိုင်ငံတကာပဋိပက္ခတွေကို ဆွေးနွေးဖွယ်ရှိနေပါတယ်။

စီးပွားရေး ၊လုံခြုံရေး၊ ယဉ်ရေးမှုဖလှယ်ရေး ၊ သီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအပါအဝင် ကဏ္ဍစုံနယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း အစည်းအဝေးမှာ ပါဝင်မှာဖြစ်ပါတယ်။

အာဆီယံနဲ့ ဂျပန်ခေါင်းဆောင်တွေဟာ သူတို့တွေရဲ့ အဓိကဆွေးနွေးမှုတွေကို ဒီဇင်ဘာ ၁၇ ရက်မှာ စတင်မှာဖြစ်ပြီး ဒေသတွင်းပြသနာတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ အာဆီယံနိုင်ငံခေါင်းဆောင်အချို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး ပူးတွဲကြေညာချက်နဲ့အတူ ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်ဖွယ်ရှိနေပါတယ်။

Ref:NHK

Photo:Getty Images

 

Related posts

VOM News

FREE
VIEW