ထိုင်ဝမ် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၃

မျိုးဆက်(VOM)

ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားတွေ တိုးမြင့်နေချိန်မှာ ထိုင်ဝမ်ကို ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချဖို့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒီလို စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုဟာ ဇန်နဝါရီ ၁၃ ရက်သမ္မတရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်လုံခြုံရေးအတွက် အမေရိကန်အစိုးရရဲ့ ကတိကဝတ်ကိုပြသဖို့ ရည်ရွယ်တာထင်ရှားကြောင်း အကဲခတ်တွေက ဆိုပါတယ်။

နည်းဗျူဟာဆိုင်ရာ အချက်အလက်တွေကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဆက်သွယ်ရေးကိရိယာတွေနဲ့ အခြားစစ်ဘက်သုံးပစ္စည်းတွေပါဝင်တဲ့ ဒီရောင်းချမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက ကွန်ဂရက်ကို အကြောင်းကြားထားပါတယ်။

ဒီလိုရောင်းချမှုအတွက် အမေရိကန်ဟာ ထိုင်ဝမ်ကို နည်းပညာပိုင်းရာ အကူအညီတွေပါ ပေးအပ်မှာဖြစ်ပြီး အမေရိကန်က အင်ဂျင်နီယာနဲ့ နည်းပညာကျွမ်းကျင်သူ ၂၆ ယောက်လိုအပ်မှာဖြစ်ပါတယ်။

ရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေကြောင့် ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေအတွအက် ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မယ့်အပြင် လက်ရှိနဲ့ အနာဂတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

Ref:NHK

Photo:NDTV

 

Related posts

Leave a Comment

VOM News

FREE
VIEW