ဝါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ အာဆီယံသံတမန်တွေနဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ တွေ့ဆုံခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေကနေ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပဋိပက္ခကို ဖြေရှင်းရေးဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီပြီး တရုတ်နဲ့ အာဆီယံအဖွဲ့အတွက်လည်း အကျိုးရှိစေတယ်လို့ ဝယ်ယီက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိပြသနာဟာ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ပြသနာဖြေရှင်းရေးရဲ့ သော့ချက်ဟာ မြန်မာပြည်သူတွေလက်ထဲမှာပဲ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးပြသနာတွေကို ကောင်းစွာဖြေရှင်းနိုင်ဖို့ အာဆီယံနိုင်ငံတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဝမ်ယီက ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအများစုနဲ့ မျှဝေထားတဲ့ အနာဂတ်အသိုက်အဝန်းတစ်ခုတည်ဆောက်ဖို့ သဘောတူညီထားပြီး အာဆီယံရဲ့ ယုံကြည်စိတ်ချရတဲ့ ရေရှည်ဘက်စုံမဟာဗျုဟာမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရှိနေမယ်လို့ သူက အာဆီယံသံတမန်တွေကို ပြောပါတယ်။
Ref:CGTN
Photo:PRF