ခုတပတ်မှာ ပဲ၊ပြောင်း၊နှမ်း စျေးနူန်းတွေထပ်တက်လာပါတယ်

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ – ၂၀၂၃

GG(VOM)

ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုပဲ ဗဟိုဘဏ်မူဝါအရ သတ်မှတ်စျေးနူန်း ၂၁၀၀ ကျပ်နဲ့ မြန်မာငွေလဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်တာကြောင့် ပဲ ပြောင်း နှမ်းစျေးတွေပြန်တက်လာတာဖြစ် ပါတယ်။

ဒါ့ကြောင့်လည်း ပြည်ပကိုပို့ကုန်တင်ပို့မှုတွေလည်း ပိုပြီး တိုးမြှင့်ပို့နိုင်ဖို့လုပ်ဆောင်နေကြပါတယ်။

မတ်ပဲ

မတ်ပဲက ပို့ကုန်ရငွေ​လျှော့ပြီးကတည်းက စျေးဆက်တိုက်ပြန်တက်လာပြီး ခုတပတ်မှာလည်း မန္တလေး၊ရန်ကုန်၊နယ်စျေးကွက်အားလုံးမှာ.စျေး ထပ်တက်လာ ပါတယ်။

ခုတပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို ၂၉၈၂၅၀၀ ကျပ်အထိစျေးတန်းတက်လာပြီး အရင်တပတ်ကထက် တတန်ကို ၄၀၅၀၀ လောက်ထပ်တက်လာတာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာလည်း မတ်ပဲအသစ် ပိဿာ ၆၀ တအိတ်ကို ၂၁၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်စျေးပေါက်နေ ​ပြီး မတ်ပဲအဟောင်းကတော့ ပိဿာ ၆၀ တအိတ်ကို ၂၈၅၀၀၀ ကျပ် မှ ၂၉၀၀၀၀ ကျပ်စျေးပေါက် နေပါတယ်။

နယ်စျေးကွက်မှာလည်း ထပ်တက်လာလို့ မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၆၀၀၀ ကျပ်အထိ စျေးတ က်လာ ပါတယ်။

အိန္ဒိယက မြန်မာ့ မတ်ပဲကို ဝယ်ယူဖို့ရှိတယ်ဆိုတဲ့ သတင်းကြောင့် မတ်ပဲစျေးက ထပ်တက်လာသလို ဗဟိုဘဏ်ဘက်ရဲ့ဒေါ်လာ လဲလှယ်မှုကန့်သန်ချက် ဖြေလျှော့ပေးလိုက်တာကြောင့်လည်း စျေးတန်းတက်လာတာဖြစ်တယ်လို့ကုန်သည်တွေက သုံးသပ်ပါတယ်။

လက်ရှိမှာ မတ်ပဲအသစ်တွေ မန္တလေးစျေးကွက်ကို စတင်ဝင်ရောက်မှုရှိနေပြီး အရင်နှစ်မတ်ပဲလက်ကျန်အဟောင်းကတော့ မရှိသလောက်နည်းသွားပြီဖြစ်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ပို့ကုန်ရငွေဖြေလျှော့အပြီး ရန်ကုန်စျေးကွက်မှာ အရင်တပတ်က တပိဿာကို ၁၀၀ ကနေ ၄၀၀ လောက်ပြန်တက်လာပေမယ့် ခုတပတ်မှာတော့ စျေးအေးနေပါတယ်။ မန္တလေးစျေးကွက်မှာတော့ ပဲအသစ်တွေက စျေးတက်လာပါတယ်။

ခုတပတ်ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တပိဿာကို ၃၆၀၀ ကျပ် ရှိပြီး ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း ၃၅၀၀ ကျပ် နဲ့ အရင်တပတ်ကအတိုင်းစျေးငြိမ်နေပေမယ့် ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တပိဿာကို ၂၇၅၀ မှ ၃၅၀၀ ကျပ်စျေးနဲ့ငြိမ်နေ ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က စျေးတန်းမြင့်နေပြီး ပိဿာ ၅၆.၂၅ တအိတ်ကို အမြင့်ဆုံး စျေး ၁၇၀၀၀၀ ကျပ်စျေးတန်းရှိလို့ အရင်တပတ်ကထက် ၁၀၀၀၀ လောက် ထပ်တက်လာပါတယ်။ ပဲတီစိမ်း(အညာ) အဟောင်းကတော့ ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်သာရှိနေပါတယ်။

ပဲတီစိမ်းအသစ်ကို တရုတ်ဝယ်လက်တွေ ဝယ်ယူမှုရှိလာတာကြောင့် မန္တလေးစျေးကွက်မှာ စျေးတန်းက

တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ပြောင်း

ပြောင်းဆံစျေးကွက်ကတော့ ခုတပတ်မှာ ရန်ကုန်စျေးကွက်က တက်ရိပ်ပြပြီး မန္တလေးစျေးကွက်က အရင်တပတ်ကစျေးတန်းမှာပဲ ငြိမ်နေပါတယ်။

တရုတ်ကို နယ်စပ်ဂိတ်ကနေတင်ပို့မှုရှိနေတဲ့အပြင် ပင်လယ်ရေကြောင်းကနေပါ ပြည်ပနိုင်ငံ အချို့ကို တင်ပို့မှု ရှိလာခြင်း၊ ပြည်တွင်း မွေးမြူရေးအစာစပ်စက်ရုံတွေက ဝယ်ယူမှုရှိနေ လို့ ရန်ကုန်ပြောင်းဆံစျေးကွက်က အတက်​ပြလာတာဖြစ် ပါတယ်။

လက်ရှိရန်ကုန် စျေးကွက်မှာ ပြောင်းဆံ တပိဿာကို ၁၁၀၀ မှ ၁၁၁၅ ကျပ်စျေးပေါက်လာလို့ အရင်တပတ်ကထက်တပိဿာကို ၁၅ ကျပ်လောက်ထပ်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာတော့ ဗမာပြောင်းက ၅၄ ပိဿာကို ၅၂၀၀၀ ကျပ်၊ ရှမ်းပြောင်းက ၅၃၅၀၀ ကျပ်ရှိပြီး CP ပြောင်း က ၅၃၀၀၀ ကျပ်နဲ့ အရင်တပတ်ကအတိုင်းစျေးပေါက်နေပါတယ်။

ပဲစဥျးငုံနီ

ပဲစဥ်းငုံနီကတော့ ခုတပတ် ရန်ကုန်စျေးကွက်မှာ စျေးတက်ရိပ်ပြလာသလို မန္တလေးစျေးကွက်မှာလည်း စျေးတန်းပြန်လည်ဖွင့်လာတာတွေ့ရပါတယ်။

အိန္ဒိယက မြန်မာကနေ ပဲစဥ်းငုံ တန်ချိန် ၄ သိန်း ဝယ်ယူသွားဖို့ရှိတယ်ဆိုတဲ့သတင်းကြောင့် စျေးတန်းကပြန်တက်လာသလို လက်ရှိမှာ ပဲစဥ်းငုံနီအသစ်တွေကိုလည်း ကြိုတင်စရံပေးပြီးဝယ်ယူမှုတွေရှိလာတဲ့အတွက် စျေးပြန်လှုပ်လာတာဖြစ်တယ်လို့သိရပါတယ်။

ခုတပတ်ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၁၂၅၀၀၀ ကျပ်ရှိလာပြီး အရင်တပတ်ကထက် ၂၅၀၀၀ အတက်ပြလာတာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ ပိဿာ ၆၀ တအိတ်ကို ၂၉၀၀၀၀ ကျပ်နဲ့ စျေးဖွင့်လာပါတယ်။

ပဲစဥ်းငုံနီအသစ်တွေကတော့ အခုဒီဇင်ဘာလထဲမှာ စျေးကွက်ထဲဝင်ရောက်လာဖွယ်ရှိပြီး အိန္ဒိယဘက်ကဝယ်လိုအားလိုက်တဲ့အတွက် ပဲအသစ်တွေပေါ်ချိန်မှာ သိန်း ၃၀ အောက်ကိုကျဆင်းနိုင်ချေမရှိဘူး လို့သိရပါတယ်။

နှမ်း

ခုတပတ်မှာတော့ နှမ်းနက်စမုံ အပါအဝင် နှမ်းမျိုးစုံ စျေးကွက် ပြန်တက်လာတာတွေ့ရပါတယ်။

နှမ်းနက်စမုံကို တရုတ်အဝယ်လိုက်လို့ စျေးတန်းက ထပ်တက်လာသလို ကျန်တဲ့နှမ်းမျိုးစုံကလည်း အတက်ပြလာပါတယ်။

နှမ်းနက်စမုံက ခုတပတ် မန္တလေးစျေးကွက် မှာ ၄၅ ပိဿာ တအိတ်ကို ၃၂၀၀၀၀ မှ ၃၇၀၀၀၀ ကျပ်စျေးပေါက်ပြီး အရင်တပတ်ကထက် ၂၀၀၀၀ ကျပ် ထပ်တက်လာပါတယ်။

နှမ်းဖြူရိုးရိုးက ၃၀၀၀၀၀ ကျပ်မှ ၃၃၀၀၀၀ ကျပ် ၊ နှမ်းဖြူဂျပန်က ၃၆၀၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်၊နှမ်းညိုသစ်က ၂၇၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်စျေးပေါက်လို့ အရင်တပတ်ကထက် ၅၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်လောက် ပြန်တက် လာပါတယ်။

ကုလားပဲ

ကုလားပဲကလည ခုတပတ် ရန်ကုန်စျေးကွက်ရော မန္တလေးစျေးကွက်မှာပါ စျေးထပ်တက်လာပါတယ်။

ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိက ဖြစ်ပြီး ပြည်တွင်း ပဲခွဲစက်ပိုင်တွေရဲ့ဝယ်ယူမှုအပေါ်လိုက်ပြီး စျေးအတက်အကျ ရှိတာဖြစ်တဲ့အပြင် ပို့ကုန်ရငွေ ဖြေလျှော့မှုဂယက်ကြောင့်လည်း စျေးတန်းကပြန်တက် လာတာတွေ့ရ ပါတယ်။

ကုလားပဲလက်ကျန်က နည်းတာကတကြောင်း စက်ပိုင်တွေ ဝယ်ယူမှုများလာတာကြောင့်လည်း ခုတပတ်မှာ စျေးက အနည်းငယ်ထပ်တက်လာတာဖြစ် လို့သိရပါတယ်။

ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၆၆၅ မှ ၄၇၅၀ မှ ၄၅၈၅ ကျပ် ၊ ကုလားပဲဖြူလုံးကြီးက ၄၇၅၀ မှ ၄၈၃၅ ကျပ်စျေးပေါက်လာပြီး တစ်ပိဿာကို ၈၅ ကျပ်ကနေ ၁၀၀ ကျပ်ကျော်အထိ ထပ်တက်လာပါတယ်။ ကုလားပဲခြမ်းကလည်း ၆၀၀၀ ကျပ်မှ ၆၁၅၀ စျေးပေါက်ပြီး ခုတပတ်မှာ ၅၀ ကျပ် ထပ်တက် လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ကုလားပဲ(V2)က ၅၆.၂၅ ပိဿာ ကို၂၇၀၀၀၀ မှ ၂၇၂၀၀၀ ကျပ်စျေးရှိပြီး ကုလားပဲ V7ကလည်း ၂၇၈၀၀၀ ကျပ်စျေး ရှိပြီး ၃၀၀၀ ဝန်းကျင် ထပ် တက်လာပါတယ်။ ကုလားပဲ ၉၂၉ က ၂၆၅၀၀၀ကျပ်စျေးရှိပြီး ၅၀၀၀ ကျပ်တက်လာသလို ကုလားပဲထိုင်ဝမ်ကလည်း ၂၆၂၀၀၀ ကျပ်စျေးရှိပြီး ၂၀၀၀ ကျပ်တက်လာပါတယ်။.

အခုဖော်ပြပေးခဲ့တဲ့ စျေးကွက်အခြေအနေ ကတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ စျေးနူန်း နဲ့ ပြီးခဲ့ပတ် စနေနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်နိူင်ယှဥ်သုံးသပ်ချက်ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW