မော်စကို၊ ဒီဇင်ဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆန္ဒရှိမယ်ဆိုရင် ယူကရိန်း၊ အမေရိကန်၊ ဥရောပတို့နဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါပေမယ့်လည်း ရုရှားရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို တပ်တွေစေလွှတ်တိုက်ခိုက်ခဲ့တဲ့ ပူတင်ကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကြိမ်ဖန်များစွာ ပြောဆိုထားပါတယ်။
ပူတင်ဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ အားထုတ်မှုတွေမလုပ်မီ နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို စောင့်ဆိုင်းနေတယ်လို့ အနောက်အုပ်စုနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းအရေးမှာ ရုရှားကိုရန်လိုနေတဲ့ အမေရိကန်၊ ဥရောပတို့အနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် ဆွေးနွေးလို့ရကြောင်း၊ ဒါပေမယ့် ရုရှားရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီးလုပ်ဆောင်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ရုရှားအနေနဲ့ မိမိတို့ရဲ့ရပိုင် လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်မှာမဟုတ်သလို ဥရောပနဲ့ စစ်ဖြစ်ဖို့ မရည်ရွယ်ကြောင်း ပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:Reuters
Photo:Reuters