ကောလိပ်ဝင်ခွင့်စာမေးပွဲ စက္ကန့် ၉၀ စောပြီးလို့ တောင်ကိုရီးယားကျောင်းသားတွေက အစိုးရကို တရားစွဲ

 

ဆိုးလ်၊ ဒီဇင်ဘာ-၂၀-၂၀၂၃

မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ သတ်မှတ်အချိန်ထက် စက္ကန့် ၉၀ စောပြီးဆုံးသွားတဲ့အပေါ် တောင်ကိုရီးယား ကျောင်းသားတစုက အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

အဲဒီစာမေးပွဲကို ပြန်လည်ဖြေဆိုဖို့ တနှစ်စာ လေ့လာရေးစရိတ် ဝမ်သန်း ၂၀ ကျော် တောင်းခံထားပါတယ်။ ဒီလိုမှားယွင်းမှုဟာ ကျောင်းသားတွေရဲ့ စာမေးပွဲဖြေဆိုမှုကို ထိခိုက်ခဲ့ကြောင်း ကျောင်းသားတွေရဲ့ ရှေ့နေက ပြောပါတယ်။

ဆိုးလ်မှာပြုလုပ်တဲ့ စာမေးပွဲ ပထမဘာသာရပ်ဖြစ်တဲ့ ကိုရီးယားဘာသာဖြေဆိုချိန်မှာ ကျောင်းဆင်းခေါင်းလောင်းက ၉၀ စက္ကန့်စောပြီး စာမေးပွဲကို အဆုံးသတ်လိုက်တာလို့ ကျောင်းသား ၃၉ ဦးရဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

Suneung လို့လူသိများတဲ့ တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကောလိပ်ဝင်ခွင့်စားမေးပွဲဟာ ဘာသာရပ်များစွာကို ရှစ်နာရီကြာ ဖြေဆိုရတဲ့ စာမေးပွဲလည်းဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အခက်ဆုံးစာမေးပွဲတွေထဲက တခုဖြစ်ပြီး ဝင်ခွင့်ရမှတ် ကန့်သတ်ချက်ကလည်း လွန်စွာ မြင့်မားပါတယ်။

စာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်တွေနဲ့ အလုပ်အကိုင်အတွက်သာမက အနာဂတ် အတွက် အခွင့်အလမ်းတွေကိုပါ ရရှိစေပါတယ်။ အခုလို ကျောင်းသားတွေရဲ့ တရားစွဲဆိုမှုဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

စာမေးပွဲပြီးဆုံးချိန်မတိုင်မီ ခေါင်းလောင်းထိုးခဲ့တာကြောင့် ၂၀၂၁ ခုနှစ် Suneung စာမေးပွဲမှာ ကျောင်းသားတွေ နစ်နာခဲ့တယ်ဆိုကာ ဆိုးလ်ရှိ တရားရုံးက ကျောင်းသားတွေကို ဝမ် ခုနှစ်သန်းပေးအပ်ဖို့ ပြီးခဲ့တဲ့ ဧပြီၤလမှာ အမိန့်ချခဲ့ပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW