ဟူသီအဖွဲ့ကို ပစ်မှတ်ထားရင် အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ သတိပေး

 

ဆာနား၊ ဒီဇင်ဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်အနေနဲ့ ဟူသီအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီအဖွဲ့ခေါင်ဆောင်က သတိပေးလိုက်ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဟာ ပင်လယ်နီရှိ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် အမေရိကန်အပါအဝင် ၁၀ နိုင်ငံက ညွှန့်ပေါင်းအဖွဲ့ဖွဲ့ပြီး တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ စစ်ပွဲအပြီး ယီမင်ရှိ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ ပင်လယ်နီကို ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတကာ သင်္ဘောတွေကို မောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပြီး ဂါဇာကို အစ္စရေးက တိုက်မှုတွေအပေါ် တုံ့ပြန်နေပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်း ၁၀ နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၂ ရာခိုင်နှုန်းရှိတဲ့ ပင်လယ်နီမှာ သင်္ဘောတွေကို ဟူသီတို့ နောက်ထပ်တိုက်ခိုက်မှုတွေကနေ ကာကွယ်သွားဖို့ ကင်းလှည့်မှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။

အမေရိကန်တွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဒီထက်မက အရှိန်မြှင့်လာမယ် ယီမင်ကို ပစ်မှတ်ထားလာပြီဆိုရင်တော့ ဟူသီတွေအနေနဲ့ ဒီတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း ဟူသီအဖွဲ့က သတိပေးထားပါတယ်။

Ref:Reuters

Photo:Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW