ဂျကာတာ၊ ဒီဇင်ဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ နီကယ်စက်ရုံပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၃ ယောက်ထက်မနည်း သေဆုံးသွားပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိကာ အချို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူ ရှစ်ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး ကျန်ငါးယောက်တော့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ဒီစက်ရုံဟာ တရုတ်နိုင်ငံရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။
မီးဖိုတခုပေါ်မှာ ပြုပြင်နေစဉ်အတွင်း မီးလောင်လွယ်တဲ့အရည်တမျိုးကျရောက်မီးလောင်ကာ အနီးနားရှိ အောက်ဆီဂျင်ကန်တွေ ပေါက်ကွဲမီးလောင်သွားခဲ့တယ်လို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေမှာ ဆိုပါတယ်။
အလုပ်သမားတွေဟာ ပေါက်ကွဲမှုကြောင့် မျက်နှာတွေနဲ့ အဝတ်အစားတွေကို မီးလောင်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က အလုပ်သမားတွေကို ကုသထောက်ပံ့စရိတ်ပေးမယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူ ထက်ဝက်နီးပါးဟာ နိုင်ငံခြားသားအလုပ်သမားတွေဖြစ်ပြီး ၁၇ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ခရိုင်အကြီးအကဲ မိုရိုဝါလီက ပြောပါတယ်။တရုတ်နိုင်ငံဟာ သူ့ရဲ့ တန်ဖိုးနည်းလျှပ်စစ်ကားလုပ်ငန်းကို ကြီးထွားလာစေဖို့ အာရုံစိုက်နေပြီး အင်ဒိုနီးရှားမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အိုင်အမ်အိုင်ပီ ကုမ္ပဏီဟာ သံမဏိနဲ့ ကာဗွန် စတီးလ်တွေကို ထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတခုက ပိုင်ဆိုင်တာဖြစ်ပါတယ်။အင်ဒိုနီးရှားဟာ လျှပ်စစ်ကာဘက်ထရီတွေနဲ့ သံမဏိတွေမှာ အသုံးပြုတဲ့ ကမ္ဘာ့ထိပ်တန်း နီကယ်ထုတ်လုပ်သူဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images