ဆီးရီးယားမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း တပ်မှူး သေဆုံး

 

တီဟီရန်၊ ဒီဇင်ဘာ-၂၆-၂၀၂၃

မျိုးဆက်(VOM)

ဆီးရီးယားမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းတပ်မှူး တယောက်သေဆုံးခဲ့ကြောင်း အီရန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဆေးယဒ်ရာဇီမိုဆာဗီဟာ အစ္မလာမ္မစ် တော်လှန်ရေးအစောင့်တပ်ရဲ့ အတွေ့အကြုံရှိတဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်တယ်လို့ တက်စ်နင်သတင်းဌာနက ဖော်ပြထားပါတယ်။

အီရန်ထိပ်တန်းတပ်မှူးဟာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်အရှေ့တောင်ဘက် ဆေယီဒါဇိုင်နက် ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုဆာဗီဟာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်မှူး ဆိုလိုင်မာနီရဲ့ လက်ထောက်တယောက်ဖြစ်ပါတယ်။

အစ္စရေးဟာ အီရန်နဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်တွေကို ချေမှုန်းဖို့အတွက် ဆီးရီးယားမှာ နှစ်အတော်ကြာ စစ်ဆင်ရေးတွေပြုလုပ်နေပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုပြီးနောက် အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အကြိမ်ရေမြင့်တက်လာပါတယ်။

ဆီးရီးယားပြည်တွင်းစစ် အစောပိုင်းကတည်းက အီရန်တပ်ဖွဲ့တွေဟာ ဆီးရီးယားမှာရှိနေခဲ့ပြီး သမ္မတဘာရှာအာဆတ်ကို ထောက်ခံပံ့ပိုးနေပြီး ဆန့်ကျင်တဲ့ အဖွဲ့တွေကို ကူညီတိုက်ခိုက်ပေးနေခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW