မုံရွာ သာစည်ထောင် လုံခြုံရေး ဝန်ထမ်းလေးဦး ပစ်သတ်ခံရ

 

ဒီဇင်ဘာ ၊ ၂၅ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက် သာစည် – မုံရွာ ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၂၄ ရက် က လူနာတင်ယာဥ်ပေါ် ပါလာတဲ့ လုံခြုံေရးဝန်ထမ်းလူနာနဲ့ လူနာစောင့် ဝန်ထမ်းတွေ ပစ်ခတ်ခံရ ပြီး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” သာစည်တိုက်နယ်မှာက မုံရွာ အကျဥ်းထောင်က ထောင်သစ်တည်ဆောက်ရေး စီမံကိန်းရှိတယ် ၊ အဲ့ဒီမှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ချထားတယ် ၊ အဲ့ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်တယ် ၊ အဲ့ဒီမှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင် တယောက် နောက်ကျောကို သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာရတယ် ၊ အဲ့ဒါနဲ့ ကျည်ဆံမှန်ထားတဲ့ လူနာကို လူနာတင်ယာဥ်ကားနဲ့ မုံရွာ ဆေးရုံကို ပို့တဲ့အခါ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လမ်းကနေ ဖြတ်တိုက်ပြီး ၊ လူနာတင်ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ လူနာရော ၊ လူနာစောင့် ဝန်ထမ်းသုံးယောက် အပါအဝင် အားလုံး လေးယောက်ကို ပစ်သတ်ခံရတယ် ၊ နောက်ပြီး လိုက်ပို့တဲ့ လူနာတင်ကားကို မီးရှို့ဖျက်ဆီးလိုက်တယ် ၊ လူနာတင်ယာဥ်က အကပ်ဘက် လူနာတင်ယာဥ်ဖြစ်တယ် ၊ အရာတော်နယ်ဘက်က ပရဟိတကား ဖြစ်တယ် ” လို့ မုံရွာဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သာစည် (မုံရွာ အကျဥ်းထောင်သစ်) တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ တပ်ဖွဲ့ဝင် ( တပ်ကြပ်) တယောက် နောက်ကျောကနေ ကျည်ဖောက်ဝင် ဒဏ်ရာရတယ် ၊ အဲ့ဒီ လူနာကို မုံရွာဆေးရုံကို လိုက်ပို့တဲ့ လူနာတင်ကား လမ်းမှာ ဖြတ်တိုက်ခံရတယ် ၊ လူနာ လိုက်ပို့တဲ့ တပ်ဖွဲ့ဝင် သုံးယောက်နဲ့ လူနာ အပါအဝင် တပ်ဖွဲ့ဝင် လေးယောက် ပစ်သတ်ခံရတယ် ၊ လူနာတင်ယာဥ်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ဒဏ်ရာရ လူနာ အပါအဝင် လူနာလိုက်ပို့တဲ့ လူနာစောင့် နစက လုံခြုံရေးတပ်ဖွဲ့ဝင် ငါးယောက်ကို ပစ်သတ်ခဲ့ပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ် ၃ လက် အပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့အပြင် လူနာတင်ယာဥ် ကားသမား ပရဟိတသမားနှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က အဲ့ဒီ မုံရွာ – သာစည် ကားလမ်းမှာ ကျောက်စစ်ပုံ အမြှောက်တပ်က အငြိမ်းစား စစ်မှုထမ်းဟောင်း တယောက် ပစ်သတ်ခံရပြီး သူနဲ့အတူ စျေးဝယ်ပြန်လာတဲ့ အမျိုးသမီး နှစ်ယောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် တယောက် ပစ်ခတ်ခံရပြီး အဲ့ဒီ လူနာကို ရေစကြိုမြို့နယ်ကနေ မုံရွာ စစ်ဆေးရုံကို ပို့ဆောင်တဲ့အခါ ၊ ချောင်းဦးမြို့နယ် ၊ မင်းတည်းရွာ ဇရပ် ၊ ဆင်ဖြူရှင်ကားလမ်းပေါ်မှာ အဲ့ဒီ လူနာလိုက်ပို့တဲ့ လူနာတင်ယာဥ်ကားကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကားကိုရပ်တန့်ခိုင်းပြီးနောက် ကားပေါ်မှာ ပါလာတဲ့ လူနာကို ပစ်သတ်ခဲ့တာ ဖြစ်ခဲ့ဘူးပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW