ပင်လုံမြို့မှာ လူသတ် လုယက်မှုဖြစ်ပွားလို့ ဖုန်းဆိုင်ပိုင်ရှင် အပါအဝင် လူလေးယောက် သေဆုံး

 

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃

SP (VOM)

ရှမ်းပြည်နယ် တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ပင်လုံမြို့ ၊ မြို့လယ်မှာ ရှိတဲ့ ဖုန်းအရောင်းဆိုင်တခုကို မနေ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက လုယက်ခံရပြီး ဆိုင်ရှင်အပါအဝင် လူ လေးယောက်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဖုန်းဆိုင်သိမ်းပြီး အိမ်ပြန်ဖို့ လုပ်နေကြတုန်း အမည်မသိ ( စုံစမ်းဆဲ) လူနှစ်ယောက်က ရောက်လာပြီး သေနတ်အတိုနဲ့ ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒါကြောင့် ဆိုင်ထဲမှာရှိနေတဲ့ မနန်းဇင်ဇွဲ ၊ မနန်းလောဝ်ခမ်း၊ မနန်းပြုံးဖြူ၊ ဦးတင်ထွန်း ၊ သူတို့လေးယောက် ပစ်ခတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ လေးယောက်စလုံး ရရှိဒဏ်ရာတွေနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် ၊ နောက်ပြီး အိမ်ပြန်ဖို့ပြင်ထားတဲ့ ဆိုင်ရှင်ရဲ့ အိတ်ကို သေနတ်သမားတွေက လုယူသွားတယ် ၊ အဲ့ဒီ အိတ်ထဲမှာ ရောင်းရငွေ တွေနဲ့ ဖုန်းတွေ ပါသွားတယ် ၊ အရေအတွက်တော့ အခုထိ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လွိုင်လင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ညနေပိုင်း ဆိုင်သိမ်းနေချိန် အခင်းဖြစ်တာပါ ၊ ဆိုင်ရှင် အပါအဝင် ဆိုင်ဝန်ထမ်းတွေ လူလေးယောက် ပစ်ခတ်ခံရလို့ သေဆုံးတယ် ၊ ပါဆုံးတန်ဘိုးကိုသိဖို့ အရောင်းဘောင်ချာတွေ ပြန်လည်စစ်ဆေးနေဆဲဖြစ်တယ် ၊ လူသတ် လုယက်သူတွေက နှစ်ယောက်ဖြစ်တယ် ၊ အမှုဖွင့် အရေးယူထားတယ်.” လို့ ပြောပါတယ်။

ပင်လုံဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ၊ သုံးစွဲသူတွေ များပြားသလို ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေလည်း ရှိတယ်လို့ သိရပြီး အခုဖြစ်တဲ့ လူသတ် လုယက်မှုမှာ ဘယ်သူတွေဖြစ်တယ်ဆိုတာ VOM က က အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ် ၁ ရပ်ကွက် ၊ သုမိတ္တာ ၂၂ လမ်း ၊ အမှတ် ၈၆၇ အိမ်ရှေ့နေရာမှာ ဈေးသိမ်းပြန်လာတဲ့ ခန့်မြတ်ချယ် ရွှေဆိုင်ပိုင်ရှင် တဦး သေနတ်နဲ့ ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်လုယက်ခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ အရှေ့ညောင်ပင်ရပ်ကွက်မှာရှိတဲ့ အောင်သီရိ စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တပိသာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညဈေးက ဆိုင်သိမ်းပြီး နေအိမ်ပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ၊ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ၊ မိုး ရွှေရတနာဆိုင် နဲ့ ပန်းတိမ်လုပ်ငန်းမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ကျောက်စိမ်တွေ အပါအဝင် သိန်းခြောက်ထောင်ဖိုး ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ အရှေ့ညောင်ပင်ရပ်ကွက်မှာရှိတဲ့ အောင်သီရိ စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တပိသာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။

ဒိအပြင် ပြီးခဲ့တဲ့ ဧပြီဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီး အဲ့ဒီဖြစ်စဉ်မှာ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း ရွှေဆိုင် လုယက်မှု ဖြစ်စဉ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ၊ အဲ့ဒီလို လုယက်မှုဖြစ်ပွာတဲ့ ဒေသတွေကတော့ ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ဖားကန့် ၊ ဝန်းသို၊ နောင်ချို ၊ အင်းတော် ၊ ပခုက္ကူ စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ လူသတ်လုယက်ခံရတဲ့ ဖုန်းဆိုင်နေရာပုံ၊ (ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW