ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုကာ အစ္စရေးကို အိုင်စီဂျေမှာ တောင်အာဖရိက တိုင်ကြား

 

 

ကိပ်တောင်း၊ ဒီဇင်ဘာ-၃၀-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ နဲ့ပတ်သက်ပြီး အစ္စရေးကို တောင်အာဖရိကနိုင်ငံ အိုင်စီဂျေမှာ တရားစွဲဆိုလိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို အစ္စရေးက ချိုးဖောက်ကြောင်း အိုင်စီဂျေမှာ တောင်အာဖရိကက တိုင်ကြားမှုနဲ့ပတ်သက်ပြီး အိုင်စီဂျေကလည်း အတည်ပြုထားပါတယ်။

အစ္စရေးကတော့ ဒီလိုစွပ်စွဲတိုင်ကြားမှုဟာ အခြေအမြစ်မရှိကြောင်း ပြောဆိုထားပါတယ်။ တောင်အာဖရိကရဲ့ အသရေဖျက်မှုဟာ ရွံ့ရှာဖွယ်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်အခြေစိုက် အိုင်စီဂျေတရားရုံးဟာ ကုလသမဂ္ဂရဲ့ တရားဝင်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံများအကြား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ တရားရုံးဖြစ်ပါတယ်။

အစ္စရေးက အိုင်စီဂျေမှာ တိုင်ကြားမှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ တာဝန်ရှိတာကြောင့်ဖြစ်တယ်လို့ တောင်အာဖရိကသမ္မတကပြောပါတယ်။

စာမျက်နှာ ၈၄ မျက်နှာပါတဲ့ အဲဒီတိုင်ကြားချက်မှာတော့ ပါလက်စတိုင်းအမျိုးသား အမျိုးသမီးနဲ့ လူမျိုးရေးအရ ကြီးမားတဲ့ အသိုက်အဝန်းကို ဖျက်ဆီးဖို့ရည်ရွယ်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ လက္ခဏာတွေဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံ ထုတ်ပြန်ထားပါတယ်။

တိုင်းကြားမှုမှာတော့ ဒီအမှုကို လာမယ့်ဦတင်းပတ်မှာ ကြားနာဖို့ အိုင်စီဂျေကိုတောင်းဆိုထားပြီး ဂါဇာရှိ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေအားလုံးကို ရပ်ဆိုင်းဖို့အပါအဝင် တရားရုံးကနေ ယာယီအစီအမံတွေချမှတ်ဖို့ တောင်းဆိုထားပါတယ်။

Ref: BBC

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW