တရုတ် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ရေတပ်တပ်မှူးဟောင်း ဒေါင်ဂျွန် ခန့်အပ်ခံရ

 

ပေကျင်း ၊ ဒီဇင်ဘာ-၃၀-၂၀၂၃

မျိုးဆက်(VOM)

တရုတ်နိုင်ငံဟာ ယခင်ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေ တရားဝင်ထုတ်ပယ်ပြီး နှစ်လအကြာမှာ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ရေတပ်တပ်မှူးဟောင်းဖြစ်သူ ဒေါင်ဂျွန်ကို ခန့်အပ်လိုက်ပါတယ်။

မနေ့က ဒီဇင်ဘာ ၂၉ ရက်မှာကျင်းပတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အစည်းအဝေးမှာ ဒေါင်ဂျွန်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ယခုနှစ်အတွင်း ထိပ်တန်းရာထူးတာဝန်ရယူထားသူအချို့ကို ရာထူးတွေက ထုတ်ပယ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး လီရှန်ဖူအပြင် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကိုလည်း ဇူလိုင်လမှာ ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးကို ထုတ်ပယ်လိုက်တာအတွက် အာဏာပိုင်တွေက အကြောင်းပြချက်တစုံတရာ ပေးတာမျိုးမရှိခဲ့ပါဘူး။ သူတို့နှစ်ဦးဟာ ရာထူးတာဝန်တွေမှာ ခုနှစ်လသာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူသုံးယောက်ကိုလည်း တရုတ်အစိုးရရဲ့ ထိပ်တန်းအကြံပေးအဖွဲ့ကနေ ယခုသီတင်းပတ်အတွင်းမှာ ဖယ်ရှားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပါတယ်။

မနေ့က ကျင်းပတဲ့ အမြဲတမ်းကော်မတီအစည်းအဝေးမှာ စစ်ဘက်အရာရှိကိုးယောက်ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး ယခုသီတင်းပတ်အတွင်းမှာ ထပ်မံရာထူးဖယ်ရှားမှုတွေ ယခုသီတင်းပတ်အတွင်းမှာ ပြုလုပ်ဖို့ရှိနေပါတယ်။

Ref: BBC

Photo:PLA Navy

Related posts

Leave a Comment

VOM News

FREE
VIEW