ငပလီက ဦးတေဇပိုင် ဟိုတယ်မီးလောင်

  ရန်ကုန်၊ နိုဝင်ဘာ ၂၈ -၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေက စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်တဲ့ ထူးဟိုတယ်(ခေါ် ) Aureum Palace Hotel မှာ မနေ့ကနိုဝင်ဘာလ ၂၇ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားပြီး အဆောက်အဦ အချို့မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ဟိုတယ်ရဲ့ ပစ္စည်းသိုလှောင်ထားတဲ့ စတိုခန်း သုံး ခန်း၊ လူနေဧည့်ခန်း နှစ် ခန်း မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” စတိုခန်းကဝါယာရှော့ဖြစ်တာလို့ သိရတယ်။ဟိုတယ်ဝန်ထဲက အဆောင်တချို့ပါသွားတယ်၊ဟိုတယ် ဝင်ဝင်ချင်းပေါ့ ။ည ၈ နာရီလောက်မှာတော့ မီးကငြိမ်းပါတယ်။သံတွဲမီးသတ်လာတယ်။နယ်မြေခံ တာဝန်ရှိသူ တွေလည်းပါတယ်။” လို့ ငပလီ ကမ်းခြေက ခရီးသွားအခြေပြုလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။ မီးလောင်ကျွမ်းမှုအနေနဲ့ ညနေ ၆ နာရီ ကျော်လောက်မှာစတင် လောင်ကျွမ်းပြီး ၈ နာရီ လောက်အထိငြှိမ်းသတ်ခဲ့ရတာကြောင့် မီးသတ်ချိန် ၁ နာရီလောက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။…

Read More

သရက်ခရိုင်ထဲက ရပ် / ကျေး အုပ်ချုပ်ရေးမှုတွေ ဒီရက်ပိုင်းအတွင်း ပစ်သတ်ခံရလို့ ခြောက်ယောက်သေဆုံး

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP( VOM) မကွေးတိုင်း ၊ သရက်ခရိုင်အတွင်းက အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ တပြိုင်တည်း ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်ပွားတာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ညဦးပိုင်းကဖြစ်တယ် ၊ ဖြစ်ပွားတဲ့နေရာက အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ် အစပ်က ရွာတွေမှာဖြစ်တယ် ၊ ၂၆ ရက် ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မင်းတုန်မြို့နယ် ၊ တောင်ယံကျေးရွာက ရပ် / ကျေး အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက်ပြီး အုပ်ကြီးကို ပစ်သတ်သွားတယ် ၊ အဲ့ဒီညက တခြား ရွာက…

Read More

ကောလင်းမှာ အငြိမ်းစား ဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူဖို့ ခက်ခဲနေ

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်တာကို ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့မှာ ရှိတဲ့ အငြိမ်းစား ဝန်ထမ်းဟောင်းတွေမှာ ပင်စင်လစာထုတ်ယူဖို့ အခက်တွေ့နေရတယ်လို့ အငြိမ်းစား ဝန်ထမ်းအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ ” ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတယ် ၊ မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ ရပ်တန့်သွားတယ် ၊ နောက်ပြီး မြန်မာ့စီးပွားရေး ဘဏ်ရုံးကိုလည်း ထိန်းချုပ်ခံထားရတယ် ၊ အခုလ ၂၀ ရက်နောက်ပိုင်း အငြိမ်းစား ပင်စင်လစာထုတ်ယူဖို့ရက်တွေရောက်နေပြီ ၊ ဘယ်ကဘဏ်ကို လျှောက်တင်ရမယ် ၊ ဘယ်ဘဏ်ကို ထုတ်ယူရမယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အငြိမ်းစား ပင်စင်သမားတွေက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၁၅ ကျပ် ဝယ်ဈေး – ၃၃၆၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမှာ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံး

  ဒေလီ၊ နိုဝင်ဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေကြောင့် ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်း တလျှောက်မှာ နေအိမ်များစွာ ပျက်စီးခဲ့ပြီး တိရိစ္ဆာန်သေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ ၂၄ ယောက်ထဲက ၁၈ ယောက်ဟာ မိုးကြိုးပစ်တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ မိုးရွာသွန်းမှုနဲ့ မိုးသီးကြွေကျမှုတွေဟာ အိန္ဒိယအနောက်ပိုင်းမှာ ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဂူဂျာရတ်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၅ ဒသမ ၇ လက်မထိရွာသွန်းခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဂူဂျာရတ်မှာ ဒီလိုအခြေအနေတွေဖြစ်တာဟာ မိုးလေးဝသအခြေအနေ သုံးခုတိုက်ဆိုင်တာကြောင့်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အာရေဗျပင်လယ်က စီးဆင်းလာတဲ့ အရှေ့လေတိုက်တာ၊ အနောက်ဟိမဝန္တာတောင်တန်းတွေပေါ်က လေစီးကြောင်းနဲ့ ပြည်နယ်အတွင်း…

Read More

မင်းကင်းနယ် အင်ကြင်းတောင်ရွာမှာ တိုက်ခိုက်ခံရလို့ ရွာခံ ခြောက်ယောက်သေဆုံး ၊ ဘုန်းကြီးတပါးဒဏ်ရာရ

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ အင်ကြင်းတောင်ရွာမှာ မနေ့ နိုဝင်ဘာ ၂၇ ရက် ၊မနက်အစောပိုင်း ၃ နာရီဝန်းကျင်က အ မည်မသိ လက်နက်ကိုင်အဖွဲ့က ရွာကို ဝင်ရောက် တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေနဲ့ လူနေအိမ် တွေ မီးလောင်ပျက်စီးရတယ်လို့ မင်းကင်းမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိပါရတယ်။ ” မနေ့က ရွာမှာ စုပေါင်း ကထိန်ပွဲရှိတယ်ဆိုတော့ ချက်ရေးပြုတ်ရေးအတွက် အိပ်ယာထတဲ့ သူတွေထကြပြီဖြစ်တယ် ၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ လူအင်အား ၂၀၀ ကျော်လောက်က ရွာကို ဝင်ရောက်တိုက်ခိုက်တယ် ၊ မနက် ၉ နာရီလောက်အထိ…

Read More

This Day in History

  Voice of Myanmar အမေရိကန်သမ္မတ ရုစဗဲ့၊ ဗြိတိန်၀န်ကြီးချုပ် ၀င်စတန်ချာချီနှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင်တို့သည် ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေတွင် ကမ်းတက်တိုက်ပွဲဆင်ကာ ဂျာမနီကို အပြီးသတ်တိုက်ခိုက်ရန် အစီအစဉ်နှင့်ပတ်သက်၍ ၁၉၄၃ ခုနှစ် နို၀င်ဘာ ၂၈ ရက်တွင် တီဟီရန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။  

Read More

ကျွန်မတို့ငယ်ငယ်က နှင့် လွမ်းဖွယ့် မွေးနေ့ပွဲများ

  ဆူးငှက် ၁၉၉၄ခုနှစ် လူထုကြီးပွားရေး စာအုပ်တိုက်ကို ရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်က ဒေါ်ဒေါ်၏ ကျွန်မတို့ ငယ်ငယ်က စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းတို့တွင် ဒေါ်ဒေါ်ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။ “ကျွန်မတို့ ငယ်ငယ် က” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘ၀ အစိပ်အပိုင်း ဖြစ်လေတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏ မိဘများဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်း ရေးရာတွင် သရုပ်ပီလွန်းလှသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွား ညီအစ်မဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့ အကြောင်း။ ဒေါ်ဒေါ်ပြောပြသော…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၇ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW