နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့နယ် ၊ ပန်းဆန်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို မနေ့ နိုဝင်ဘာ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်ထုနယ်တခုလုံးမှာက ၊ ဘုံကထိန်ခင်းတဲ့ ရက်ဆိုတော့ ရွာတိုင်းမှာလိုလို ဘုန်းကြီးကျောင်းတွေမှာ လူစည်ကားတာတွေရှိတယ် ၊ ညက ၈ နာရီထိုးပြီးတော့ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ ပန်းဆန်ရွာက ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် နှစ်ချက် ကျရောက်ပေါက်ကွဲတယ် ၊ ကျောက်ထုနယ်မှာက စစ်တပ်လည်းရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်…
Read MoreYear: 2023
ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreယူကရိန်းမြို့တော် ကိယက်ဗ်ကို အီရန်လုပ် အသေခံဒရုန်းအများအပြားနဲ့ ရုရှားတိုက်ခိုက်
ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ ကိယက်ဗ်အပါအဝင် နေရာခြောက်ခုထက်မနည်းမှာ အီရန်လုပ် အသေခံဒရုန်း ၇၅ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီထဲက ၇၄ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ မြို့တော်အနီးတဝိုက်မှာ ဒရုန်းအစင်း ၆၀ ကျော်ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒရုန်းတွေပျက်ကျမှုကြောင့် ကလေးငယ်တယောက်အပါအဝင် လူငါးဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများစွာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ တမင်တကာအကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်ပြီး ရုရှားခေါင်းဆောင်ဟာ လူတွေသတ်နိုင်တဲ့စွမ်းရည်အပေါ် ဂုဏ်ယူနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးကပြောပါတယ်။ ယူကရိန်းစစ်တပ်ဟာ ရုရှားပစ်လိုက်တဲ့ဒရုန်းအများစုကို ပစ်ချနိုင်ခဲ့ပေမယ့် နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပိုမိုခိုင်မာတောင့်တင်းအောင် ဖြည့်တင်းသွားမယ်လို့ ဇီလန်စကီးက ကတိပြုပြောဆိုပါတယ်။ ဆောင်းရာသီနီးကပ်လာတာနဲ့အမျှ ရုရှားဟာ…
Read Moreရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားသုံးစီးဆင့်တိုက်မိမှုဖြစ်ပြီး တယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရ
နိုဝင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့၊ မနက် ၅ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကား သုံးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး တယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ့ ယာဉ်တိုက်မှုဟာ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆/၅) နဲ့ (၇၆/၆) ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းနှင်လာတဲ့ FORLAND အမျိုးအစား (အပြာရောင်) ခြောက်ဘီးယာဉ်ဟာ ကားလမ်းမပေါ်မှာ စက်သပ်ရပ်နားထားချိန် လားရာတူ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းနှင်လာတဲ့ FUSO-70 (အဖြူရောင်) ၁၈ ဘီး တွဲယာဉ်က ကျော်တက် မောင်းနှင်တာမှာ…
Read Moreအစ္စရေးဓါးစာခံ ဒုတိယအသုတ် ဟားမတ်စ်တို့ ပြန်လွှတ်ပေး
ဂါဇာစီးတီး ၊ နိုဝင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဟာ ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ဓါးစာခံဒုတိယအသုတ်ကို ပြန်လွှတ်ပေးလိုက်ပြီး ဒီထဲမှာ အစ္စရေး ၁၃ ယောက်နဲ့ထိုင်းနိုင်ငံသား လေးယောက်တို့ ပါဝင်လာခဲ့ပါတယ်။ ကနဦးမှာတော့ ဟားမတ်စ်တို့ဟာ ဓါးစာခံဒုတိယအသုတ်လွှတ်ပေးဖို့ကို နှောင့်နှေးနေခဲ့ပြီး ဂါဇာမြောက်ပိုင်းကို အကူအညီပေးရေး ထရပ်ကားတွေဝင်ရောက်ခွင့်ကို အစ္စရေးက ခွင့်ပြုမှာသာ လွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဓါးစာခံတွေလွတ်မြောက်ရေး ရှိနေတဲ့အတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းမှာထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲတွေမှာ အီဂျစ်လည်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တို့ဟာ ဓါးစာခံအယောက် ၅၀ ကိုပြန်လွှတ်ပေးဖို့သဘောတူထားပြီး ပြီးခဲ့တဲ့သောကြာနေ့ကတော့ ပထမအသုတ်အဖြစ် ဓါးစာခံ ၂၄ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဟာလည်း အကျဉ်းထောင်ထဲက ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် ၃၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီတခေါက်မှာတော့ အစ္စရေးဟာ ပါလက်စတိုင်း ကလေးငယ်…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၆ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲ၊ပြောင်း၊နှမ်း ဈေးနူန်း နိူင်းယှဉ်ဈေးကွက် သုံးသပ်ချက်
” နှမ်းနဲ့ မတ်ပဲ ဈေးပြန်ကျ ” ရန်ကုန်၊ နိုဝင်ဘာ ၂၆ – ၂၀၂၃ GG(VOM) ခုတပတ်မှာတော့ တန်ဆောင်တိုင် ပွဲတော်ကလရက်ဖြစ်တာနဲ့အညီ ပြည်တွင်း ပဲမျိုးစုံဈေးကွက်မှာလည်း အရောင်းအဝယ်အေးပြီး မတ်ပဲက ဈေးပြုတ်ကာ နှမ်းနဲ့ ပဲတီစိမ်း၊ကုလားပဲ၊မြေပဲကလည်း ဈေးထပ်ကျသွားသွားပြီး ပဲစဉ်းငုံနီ နဲ့ ပြောင်းဆန်က အကျဈေးမှာငြိမ်နေတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ မတ်ပဲ မတ်ပဲကတော့ ခုတပတ်မှာ ဈေးတန်း ပြန်ကျသွားတာတွေ့ရ ပါတယ်။ မတ်ပဲကို အိန္ဒိယ ဘက်ကဝယ်လိုအားနည်းသွားတာကြောင့် ဈေးတန်းက ပြန်ကျလာတာဖြစ်ပါတယ်။ ပြည်တွင်း မှာလည်းမတ် ပဲလက်ကျန်မရှိသ လောက်နည်းသွားပြီဖြစ်တာကြောင့် ဈေးတန်းကပြန်ကျလာတာဖြစ်တယ် လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို အရင်တပတ်က ၂၉ သိန်း ဈေးရှိခဲ့ရာကနေ ခုတပတ်မှာတော့ တစ်တန်ကို…
Read Moreကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို MNDAA က သိမ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ ကုန်သွယ်ရာ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေး ဂိတ်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့မနက် ၁၀ နာရီခန့်ကယမှာ MNDAA က သိမ်းပိုက်လိုက်ကြောင်း ကိုးကန့်ဘက်က သတင်းထုတ်ပြန်ချက်နဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ ယမန်နေ့ မနက် ၁၀ နာရီလောက်က သိမ်းလိုက်ကြောင်း ကိုးကန့် သတင်း မီဒီယာရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်း မုံးကိုး – မန်ဟိုင်းဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် ဂိတ်၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် ဂိတ်နဲ့ ချင်းရွှေဟော်…
Read MoreThis Day in History
Voice of Myanmar အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ပါကစ္စတန်မှ အစ္စလာမ္မစ်များက အကြမ်းဖက်တိုက်ခိုက်မှုများကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်စတင်ခဲ့ပြီး ၁၀ ကြိမ်ထက်မနည်း ဗုံးခွဲတိုက်ခိုက်မှုများအတွင်း လူ ၁၇၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
Read More