ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ အကြီးအကျယ် ဆုံးရှုံးနေတယ်လို့ ယူကရိန်းသမ္မတပြော

 

ကိယက်ဗ်၊ ဇန်နဝါရီ-၂-၂၀၂၄

မျိုးဆက်(VOM)

ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ အကြီးအကျယ်ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့နေရပြီး နှစ်နှစ်နီးပါးကြာ စစ်ပွဲကို အနိုင်ရနေတယ်ဆိုတဲ့ ရုရှားရဲ့အယူအဆဟာ လက်တွေ့မဆန်တဲ့ ခံစားချက်သက်သက်ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ထောင်နဲ့ချီတဲ့ ရုရှားစစ်သားတွေ သေဆုံးခဲ့ပြီး သူတို့ကို ဘယ်သူမှ ပြန်သယ်မသွားနိုင်ခဲ့ကြောင်း ပြီးခဲ့သီတင်းပတ်က အပ်ဗ်ဒီကာ မြို့တဝိုက်ကို သွားရောက်ခဲ့ချိန်က ဖြစ်စဉ်ကို အီကိုနောမစ်မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဇီလန်စကီးက ပြောပါတယ်။

သမ္မတဇီလန်စကီးဟာ ဒီအချက်နဲ့ပတ်သက်ပြီး သက်သေအထောက်အထား အသေးစိတ်ကို ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် အနောက်တိုင်း စစ်ရေးလေ့လာသူတွေကတော့ ယူကရိန်းအရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ နယ်မြေအနည်းငယ်သိမ်းပိုက်နိုင်ဖို့အတွက် ရုရှားဟာ စစ်သားတွေနဲ့ ပစ္စည်းကိရိယာတွေကို ကြီးကြီးကျယ်ကျယ်ပေးဆပ်နေရတယ်လို့ အခိုင်အမာဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ ရုရှားစစ်သားတွေ သေတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ခန့်မှန်းချက်တွေဟာ အမြဲချဲ့ကားလွန်းပြီး ယူကရိန်းရဲ့ ဆုံးရှုံးမှုတွေကိုတော့ လျှော့တွက်ခဲ့ကြတယ်လို့ ရုရှားကပြောပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းမှာ ရုရှားရဲ့ လိုလားချက်တွေ မပြည့်အချင်း စစ်ပွဲကို ရပ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:Reuters

Photo:Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW