မြန်မာဒုက္ခသည်တွေကို ဆက်လက်ကူညီမယ်လို့ အိန္ဒိယပြော

 

ဒေလီ၊ ဇန်နဝါရီ-၈-၂၀၂၄

မျိုးဆက်(VOM)

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ မဏိပူရမှာ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေကို ဆက်လက်ကူညီပေးသွားမှာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ကပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဟာ ဒေလီကိုသွားရောက်ပြီး ဝန်ကြီးချုပ် မိုဒီ၊ ပြည်ထဲရေးဝန်ကြီးAmit Shah၊ နိုင်ငံခြားရေးဝန်ကြီး S Jaishankar တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ မြန်မာဒုက္ခသည် သုံးသောင်းတထောက်ကျော်နဲ့ မဏိပူရက ဒုက္ခသည် ၁၂၀၀၀ ကျော်ခိုလှုံနေတယ်လို့ မီဇိုရမ်ပြည်နယ်အစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့လက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်တာကြောင့် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဆင့်အတန်း ပေးနိုင်မှာမဟုတ်ဘူးလို့ သူကပြောပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်တလျှောက်နေထိုင်သူတွေ သွားရေးလာရေးလွယ်ကူဖို့နဲ့ ထိတွေ့ဆက်ဆံမှုအားကောင်းစေဖို့အတွက် ခရီးသွားစာရွက်စာတမ်းတွေမပါဘဲ နှစ်နိုင်ငံနယ်မြေအတွင်း ၁၆ ကီလိုမီတာထိ သွားလာနိုင်တဲ့ လွတ်လပ်စွာသွားလာခွင့်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။

Ref:India Express

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW