အီကွေဒေါမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံစတူဒီယိုကို သေနတ်သမားတွေဝင်စီးပြီး ဓါးစာခံတွေ ဖမ်းဆီးသွား

ကီတို၊ ဇန်နဝါရီ-၁၀-၂၀၂၄
မျိုးဆက်(VOM)

အီကွေဒေါနိုင်ငံမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား စတူဒီယိုထဲကို မျက်နှာဖုံးစွပ်သေနတ်သမားတွေ ဝင်ရောက်စီးနှင်းခဲ့ပါတယ်။

ဂိုင်ယာကွေးမြို့က စတူဒီယိုခန်းထဲကနေ ပြည်သူပိုင်ရုပ်မြင်သံကြားဌာန တီစီက တိုက်ရိုက်ထုတ်လွှင့်နေချိန် သေနတ်သမားတွေ ဝင်ရောက်လာပြီး ဓါးစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူဆိုးဂိုဏ်းဝင်တွေဟာ လွတ်မြောက်သွားပြီးနောက် နိုင်ငံမှာ ရက် ၆၀ ကြာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။

ဒီဖြစ်စဉ်ဟာ လူဆိုးဂိုဏ်းထွက်ပြေးလွတ်မြောက်မှုနဲ့ ဆက်နွယ်မှုရှိမရှိ ရှင်းလင်းစွာမသိရသေးပါဘူူး။ အီကွေဒေါနိုင်ငံဟာ ကမ ္ဘာ့ထိပ်တန်း ငှက်ပျောသီးတင်ပို့သူဖြစ်ပြီး ကော်ဖီ၊ ကိုကိုး၊ ပုစွန်နဲ့ ငါးတွေလည်း တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့်လည်း အကျဉ်းထောင်တွင်းနဲ့ ပြင်ပမှာပါ အကြမ်းဖက်မှုတွေမြင့်တက်နေပြီး အမေရိကန်၊ ဥရောပနဲ့ ပြည်တွင်း ကိုကင်းတင်ပို့မှုတွေအပေါ် စိုးမိုးထိန်းချုပ်လိုမှုတွေနဲ့ ဆက်နွယ်နေပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW