VOM ပြည်သူ့အသံ အစီအစဥ်သို့

 

ကျနော်ဟာ ရေနီမြောင်းဘေးနေတဲ့သူတဦးပါ။

‌နန်းရှေ့ ရေနီမြောင်း က ရေစစ်ကန်နဲ့ ကျုံးးရေသွင်းဖို့ ဆည်တော်ကြီးချောင်းမကနေခွဲဆင်းလာတာပါ။

အဆိုပါမြောင်းတစ်လျှောက်ကျေးရွာများဟာ လူနေထူထပ်လာပြီးအမှိုက်စွန့်ပစ်ရန် ခက်ခဲလို့ မြောင်းဘေး အမှိုက်စွန့်တာရှိနေပါတယ်။ ကြာလာရင် ရွှေတချောင်းလို ဖြစ်သွားမှာ စိုးရိမ်မိပါတယ်။

အဆိုပါ ရေမြောင်းဘောင်လမ်းဟာ ကျေးရွာများ အသွားအလာအဆင်ပြေစေတဲ့လမ်းမသဖွယ် အသုံးပြုမှုများလာတဲ့အတွက် အမှိုက်ကန်နဲ့ လမ်းပြုပြင်ရေးလေးများ လုပ်ဆောင်ပေးစေလိုပါတယ်ဗျ။

ရေအရင်းအမြစ်မထိခိုက်စေရန် အသိပညာပေးပြီးမြောင်းလမ်းမတစ်လျှောက် အမှိုက်ကန်များ သုံးနေရာခန့် ချထားပေးစေလိုပါတယ်ဗျ။ အဓိက နေရာများကတော့ ကုန်းတန်းရွာ အရှေ့ဘက်နှင့် တဲကုန်းရွာ အနောက်ဘက်ခြမ်းးရေမြောင်းဝဲယာနေရာများကို အဓိက ဆောင်ရွက်ပေးစေချင်ပါတယ်သက်ဆိုင်ရာခင်ဗျား။

ပုံ

ရေနီမြောင်းသန့်ရှင်းချင်သူ

Voice Of Myanmar (VOM) ကတဆင့် ပြည်သူတွေ ရင်ဖွင့်လိုရာတွေကို ပေးပို့နိုင်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW