ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နစကတပ်တို့ အပစ်ရပ်ဖို့သဘောတူခဲ့တယ်လို့ TNLA တာဝန်ရှိသူပြော

 

ပေကျင်း၊ ဇန်နဝါရီ-၁၂-၂၀၂၄

မျိုးဆက်(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နစကတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြောင်း TNLA ထိပ်တန်းတာဝန်ရှိသူတယောက်က ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။

နှစ်ဘက်အကြား ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ အထူးသံတမန်တယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နကစတို့အကြား အောက်တိုဘာနှောင်းပိုင်းကစပြီး တရုတ်နယ်စပ်နဲ့ ရှမ်းမြောက်နယ်စပ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တရုတ်သံတမန် Deng Xi Jin ရဲ့ စီစဉ်ပေးမှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ဆက်လက်ထိုးစစ်ဆင်မှုတွေ မလုပ်ဆောင်တော့ဘဲ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ အမည်မဖော်လိုတဲ့ TNLA တာဝန်ရှိသူကပြောပါတယ်။

နှစ်ဘက် သဘောတူညီချက်အရ မဟာမိတ်တွေဟာ နစကတပ်စခန်းတွေ သို့မဟုတ် မြို့တွေကို ထိုးစစ်ဆင်တာတွေကို ရှောင်ရှားမှာဖြစ်ပြီး နစက တပ်တွေဘက်ကတော့ လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာနဲ့လက်နက်ကြီးတွေနဲ့ မတိုက်ခိုက်ဖို့ သဘောတူခဲ့ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒီလိုပူးပေါင်းထိုးစစ်ဆင်မှုတွေဟာ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတရပ်ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပြီး ဒုက္ခသည်တွေနယ်စပ်ကို ဝင်ရောက်လာမှုတွေနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဘက် ချက်ချင်းအတည်ပြုချက်မပေး ထုတ်ပြန်တာမျိုးမရှိသေးသလို ညီနောင်မဟာမိတ်သုံးဖွဲ့မှာပါဝင်တဲ့ MNDAA နဲ့ AA တို့ကလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

Ref: Straits Time

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW