ဝမ်းတွင်းမှာ ​လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား ၊ ကျူးလွန်သူက ကိုယ်တိုင်ဝန်ခံ အဖမ်းခံ

ရန်ကုန်၊ ဇန်နဝါရီ ၁၁ – ၂၀၂၄
GG(VOM)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် ၃ ဗဟိုရပ်ကွက်က ယက်ကန်းရုံမှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို​့ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီလ ၁၁ ရက်နေ့မနက်အစောပိုင်းလောက်မှာ ယက်ကန်းရုံပိုင်ရှင်အမျိုးသမီး သုံးယောက်နဲ့ အလုပ်သမားအမျိုးသမီးတစ်ပေါင်း လေးဦးကို ယက်ကန်းရုံကအလုပ်သမားအမျိုးသားတဦးက တူနဲ့ထုပြီးရိုက်သတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” တယောက်က အသက်ကြီးတဲ့အဘွားပါတယ် သူကအမေပေါ့၊သမီးနှစ်ယောက်လည်းအသတ်ခံရတယ်၊နောက်တယောက်ကတော့ ယက်ဖောက်လုပ်တဲ့ အလုပ်သမားကောင်မလေးလို့သိရတယ်။ရန်ငြိုးရှိတယ်ထင်ရပါတယ် အရင်ကလည်းခုလိုခဏခဏရန်ဖြစ်တာမျိုးရှိတော့ပတ်ဝန်းကျင်ကလည်းရန်ဖြစ်တယ်ပဲထင်ကြတာတဲ့၊နာကျည်းချက်ရှိလို့သာခုလို တူနဲ့သတ်သွားတာလို့ပဲယူဆတယ်။ဘယ်အချိန်ထဲက သတ်တာလဲ ဆိုတာကတော့သေချာမသိဘူး၊မနက် ၆နာရီလောက်မှာရဲက အလောင်းတွေကိုသယ်သွားတာပေါ့ ” လို့ ဝမ်းတွင်း ဒေသခံတဦးက ဖြစ်စဥ်ကို ကနဦးသိရမှုအပေါ်ပြပါတယ်။

အဆိုပါ အမျိုးသမီးလေးယောက်ကို သတ်ဖြတ်ပြီးနောက် ကျူးလွန်သူက ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားပြီး ကိုယ်တိုင်ဝန်ခံပြီး အဖမ်းခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ဖြစ်တဲ့အချိန် ဘယ်သူမှမျက်မြင်မရှိတော့ သေချာမသိကြပါဘူး၊ တချို့ကလည်း အိမ်ကိုဝင်ဖောက်တာအော်လိုသတ်တယ် တချို့ကလည်း လုပ်အားခတွေဖြတ်တာများပြီး ခဏခဏစကားများရတာကြောင့်သတ်တယ်ဆိုပြီးပြောနေကြတာပဲ ” လို့ နောက်ထပ်ဝမ်းတွင်းဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာတော့ အသတ်ခံရတဲ့ အမျိုးသမီးရုပ်အလောင်းတွေကို ဝမ်းတွင်သဆေးရုံကို နယ်မြေခံ သန္တိသုခ နာရေးကူညီမှုအသင်းက သယ်ယူပိူ့ဆောင်ပေးထားတယ်လို့သိရပါတယ်။

လူသတ်မှုကျူးလွန်သူကိုတော့ ဝမ်းတွင်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူနိုင်ရေး လုပ်ဆောင်နေတာပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW