ယူကရိန်းအတွက် ပေါင် ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ဗြိတိန်ပေးမယ်

ကိယက်ဗ်၊ ဇန်နဝါရီ-၁၃-၂၀၂၄
မျိုးဆက်(VOM)

ဗြိတိန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ပေါင် ၂ ဒသမ ၅ ဘီလီယံထောက်ပံ့မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က ကိယက်ဗ်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ ကတိပြုလိုက်ပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ အကြီးမားဆုံးကတိပြုမှုလည်းဖြစ်ပါတယ်။

ယူကရိန်းဟာ တနိုင်ငံတည်းအထီးကျန်မဟုတ်ကြောင်း၊ ယူကရိန်းမှာ ရုရှားအနိုင်ရခဲ့မယ်ဆိုရင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီမှာတင်ရပ်နေမှာမဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ကပြောပါတယ်။

ဗြိတိန်ရဲ့ ထောက်ပံ့မှုမှာ တာဝေးပစ်ဒုံးကျည်တွေ ၊လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်ထောက်ပံ့မှုတွေပါဝင်ပြီး ဒရုန်းတွေအတွက် ပေါင်သန်း ၂၀၀ ထိအသုံးပြုမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလမှာစတင်မယ့် ဘဏ္ဍာရေးနှစ်သစ်မှာ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီအကူအညီထဲမှာ ဗြိတိန်ထုတ် ဒရုန်းတွေလည်းပါဝင်ပြီး ဒါဟာ ဘယ်နိုင်ငံကိုမှမပေးဘူးသေးတဲ့ ဒရုန်းအများဆုံး ထောက်ပံ့မှုလည်းဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာလည်း ယူကရိန်းကို သွားရောက်ခဲ့ပြီး လက်ရှိခရီးစဉ်ဟာလည်း ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း ပြသတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဆူနက်ခ်က ပြောပါတယ်။

Ref:BBC

Related posts

Leave a Comment

VOM News

FREE
VIEW