အိမ်ဖြူတော်မသိအောင် ဆေးရုံတက်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံက မဆင်းရသေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတက်ဟာ ဆီးကျိတ်ကင်ဆာနဲ့ပတ်သက်ပြီး ကုသမှုခံယူပြီးနောက် ဆေးရုံမှာ အခြေအနေကောင်းမွန်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

မစ္စတာ အော်စတင်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်အချို့ကို ပြန်လည်ထမ်းဆောင်နေပြီး သူ့ရဲ့ ထိပ်တန်းတာဝန်ရှိသူူတွေနဲ့ အဆက်အသွယ်ရှိနေပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကမ္ဘာတဝန်း နေ့စဉ်လုပ်ဆောင်ဆောင်ရွက်မှုတွေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အသက် ၇၀ အရွယ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဒီဇင်ဘာနှောင်းပိုင်းက ခွဲစိတ်မှုနောက်ဆက်တွဲအခြေအနေကြောင့် ဇန်နဝါရီ ၁ ရက်မှာ အထူးကြပ်မတ်ကုသမှုဌာနမှာာ တက်ရောက်ကုသခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီကိစ္စကို အိမ်ဖြူတော်နဲ့ ထိပ်တန်းကာကွယ်ရေးတာဝန်ရှိသူတွေက သုံးရက်ကြာတဲ့ထိ မသိရှိခဲ့ပါဘူး။ ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအောက်မှာသာရှိနေပြီး အစိုးရအဖွဲ့ရဲ့ အရေးအကြီးဆုံးဝန်ကြီးတယောက်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီလို့ လျှို့ဝှက်စွာ ဆေးရုံတက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးရဲ့ ကျန်းမာရေးပြသနာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW