ရုရှားသမ္မတပူတင် မြောက်ကိုရီးယားကို များမကြာခင်လာဖို့ ဆန္ဒရှိနေ

ပြုံးယမ်း၊ ဇန်နဝါရီ-၂၁-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတ ပူတင်ဟာ များမကြာခင် မြောက်ကိုရီးယားကို လာရောက်ဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တကယ်လို့ ဒီခရီးစဉ်သာ ဖြစ်လာခဲ့မယ်ဆိုရင် ၂၀၀၀ ပြည့်နှစ်မှာ သမ္မတဖြစ်လာပြီးနောက် ၂၄ နှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံးသွားရောက်တဲ့ ခရီစဉ်ဖြစ်လာမှာပါ။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားကို သုံးရက်ကြာ သွားရောက်ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားက အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်အရ ရုရှားသမ္မတပူတင်ဟာ မြောက်ကိုရီးယားကို များမကြာခင်လာဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရဲ့ ရုရှားခရီးစဉ်အတွင်း ကိုရီးယားကျွန်းဆွယ်အခြေအနေကို ရုရှားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးအပေါ် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ တာဝန်မဲ့ပြီး ရန်လိုတဲ့လုပ်ရပ်တွေကို နှစ်ဘက်စလုံးက စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ခရီးစဉ်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို တန်ပြန်ဖို့အတွက် ရုရှားနဲ့ဆက်ဆံရေး တိုးမြှင့်ဖို့ မြောက်ကိုရီးယားရဲ့ ကြိုးပမ်းမှုအဖြစ် နိုင်ငံရေး အကဲခတ်တွေက ရှုမြင်ထားကြပါတယ်။

Ref:NHK

Related posts

Leave a Comment

VOM News

FREE
VIEW