ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ

ဇန်နဝါရီ ၊ ၂၁ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်စလို့ မနေ့ကထိ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဝှေခါ ၊ ဆိုင်းတောင် ၊ မော်ရှန် ၊ ဆိပ်မူ စတဲ့ကျေးရွာတွေဘက်မှာ မနေ့က ညပိုင်း အထိ ၊ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပေမယ့် ဒီကနေ့မနက်စလို့ အဲ့ဒီနေရာတွေမှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာဆီကို ထွက်ပြေးတိမ်းရှောင်ဖို့ သွားလာနေကြဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဖားကန့်ဒေသခံတယောက်က ” ဖားကန့်နယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်တာ ၁၅ ရက်ကျော်နေပြီ ၊ မနေ့ မနက်ပိုင်းက ဝှေခါ ရဲကင်းစခန်းဘက်မှာ တိုက်ပွဲဖြစ်တယ် ၊ ဒီမနက်တော့…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံရွာက လက်ဘက်ရည်ဆိုင်ထဲမှာ ဒုရဲအုပ် တယောက် ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၁ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ အေးရိပ်သာလမ်းပေါ်မှာရှိတဲ့ အောင် လက်ဘက်ရည်ဆိုင်ထဲမှာ ဒီကနေ့ မနက်ပိုင်းက လက်ဘက်ရည်သောက်နေတဲ့ ဒုရဲအုပ်တယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပစ်သတ်ခံရတဲ့ ရဲတပ်ဖွဲ့က မုံရွာနယ်မြေရဲစခန်းက ဖြစ်တယ် ၊ အလုပ်သင် ဒုရဲအုပ် ကျော်ဇင်ဝင်းဆိုသူဖြစ်တယ် ၊ သူက ဒီမနက်ပိုင်းမှာ ရဲစခန်းကနေ အောင်လက်ဘက်ရည်ဆိုင်ဘက်ကို ဆိုင်ကယ်နဲ့ထွက်လာတယ် ၊ အဲ့ဒီ အချိန်မှာ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်နဲ့ လိုက်လာတယ် ၊ ဒုရဲအုပ် ကျော်ဇင်ဝင်း လက်ဘက်ရည်ဆိုင်ထဲမှာ သောက်နေတဲ့အချိန် ဆိုင်ထဲဝင်ပြီး…

Read More

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လွတ်လပ်စွာ ကူးလူးသွားလာခွင့် ပိတ်ပင်ပြီး ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်နေ

ဒေလီ၊ ဇန်နဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယ-မြန်မာနယ်စပ်မှာ နှစ်နိုင်ငံလွတ်လပ်စွာ ကူးလူးသွားလာခွင့်ကို ပိတ်ပြီး မကြာခင်ခြံစည်းရိုး ခတ်တော့မယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာဒုက္ခသည်တွေကို လက်ခံထားတဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ဟာ နစကတပ်ဖွဲ့ဝင်တွေနဲ့ ဒုက္ခသည်တွေ ဝင်ရောက်လာမှုနဲ့ပတ်သက်ပြီး ဆွေးနွေးပြီးနောက် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ နိုဝင်ဘာလနောက်ပိုင်းကစပြီး နစကတပ်ဖွဲ့ဝင်တွေ အိန္ဒိယဘက် ထွက်ပြေးသူ ၆၃၆ ယောက်ထိရှိတယ်လို့ အိန္ဒိယအခြေစိုက် NDTV ကဖော်ပြထားပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ မဏိပူရ၊ မီဇိုရမ်၊ နာဂလန်း၊ အာယူနာချယ်ပရာဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ကီလိုမီတာ ၁၆၄၃ နယ်နိမိတ်ထိစပ်နေပါတယ်။ ဒီထဲကမှာ မဏိပူရမှာ ၁၀ ကီလိုမီတာသာ ခြံစည်းရိုးခတ်ထားပါတယ်။ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံတွေအတွက် လွတ်လပ်စွာ ကူးလူးသွားလာမှုအဖြစ် နယ်စပ်ကနေ ၁၆ ကီလိုမီတာထိ နယ်စပ်ဖြတ်သန်းသွားလာနိုင်ပြီး တနှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်ကိုအသုံးပြုကာ တကြိမ်မှာ နှစ်ပတ်ထိ နေထိုင်နိုင်ဖို့…

Read More

ရုရှားသမ္မတပူတင် မြောက်ကိုရီးယားကို များမကြာခင်လာဖို့ ဆန္ဒရှိနေ

ပြုံးယမ်း၊ ဇန်နဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတ ပူတင်ဟာ များမကြာခင် မြောက်ကိုရီးယားကို လာရောက်ဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တကယ်လို့ ဒီခရီးစဉ်သာ ဖြစ်လာခဲ့မယ်ဆိုရင် ၂၀၀၀ ပြည့်နှစ်မှာ သမ္မတဖြစ်လာပြီးနောက် ၂၄ နှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံးသွားရောက်တဲ့ ခရီစဉ်ဖြစ်လာမှာပါ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားကို သုံးရက်ကြာ သွားရောက်ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားက အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်အရ ရုရှားသမ္မတပူတင်ဟာ မြောက်ကိုရီးယားကို များမကြာခင်လာဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ရုရှားခရီးစဉ်အတွင်း ကိုရီးယားကျွန်းဆွယ်အခြေအနေကို ရုရှားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးအပေါ် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ တာဝန်မဲ့ပြီး ရန်လိုတဲ့လုပ်ရပ်တွေကို နှစ်ဘက်စလုံးက စိုးရိမ်ကြောင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ဒုံးကျည်နဲ့တိုက်ခိုက်ခံရလို့ အများအပြား ဒဏ်ရာရ

ဘဂ္ဂဒက်၊ ဇန်နဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) အီရတ်အနောက်ပိုင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသွားပါတယ်။ အီရန်ကျောထောက်နောက်ခံပြူ ပြည်သူ့စစ်အဖွဲ့ဟာ အမေရိကန်တွေတပ်စွဲထားတဲ့ အယ်လ်အာဆက် လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အခိုင်အမာ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုကို အီရတ်ရှိ အစ္စလာမ္မစ် ခုခံရေးအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။ အမေရိကန်အခြေစိုက် Washington Institute for Near East Policy အဆိုအရ အဲဒီအဖွဲ့ဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့ပြီး အီရတ်မှာလှုပ်ရှားနေတဲ့ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မကြာသေးမီ သီတင်းပတ်တွေအတွင်းကလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် အခြားသော တိုက်ခိုက်မှုများကိုလည်း အဲဒီအဖွဲ့က လုပ်ဆောင်ခဲ့ပြီး အမေရိကန်အခြေစိုက်စခန်းများကိုလည်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ တ်စ် ဖြစ်ပွားပြီးနောက် အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေကို နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ Ref:BBC Photo:AFP

Read More

This Day in History

Voice of Myanamar ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ဆိုဗီယက်ခေါင်းဆောင်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ခဲ့သော ဗလာဒီမာလီနင်သည် ၁၉၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

မန္တလေးတိုင်းမှာ မနေ့က တရက်တည်း ရွှေဆိုင်ဓားပြမှု နှစ်ကြိမ်ဖြစ်ပွား

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်းမှာ မနေ့ ဇန်နဝါရီ ၁၉ ရက်က တရက်တည်းမှာပဲ ရွှေဆိုင်ဓားပြမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အခြား လူသတ် လုယက်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တယောက်က ” မနေ့ကမနက်ပိုင်းမှာ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်နဲ့ ငွေသား သိန်း (၆၀၀၀) ကျော် ဓားပြတိုက်ခံရတယ် ၊ နောက်ပြီး မနေ့ညပိုင်းက မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး – ပြင်စည်လမ်းပေါ်မှာ ရှိတဲ့ သဇင်ရွာက “ရွှေလွန်းနဒီ” ရွှေဆိုင်ပိုင်ရှင် ဦးမြင့်နဲ့ ဒေါ်သင်းနွယ်တို့…

Read More
VOM News

FREE
VIEW