အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ဒုံးကျည်နဲ့တိုက်ခိုက်ခံရလို့ အများအပြား ဒဏ်ရာရ

ဘဂ္ဂဒက်၊ ဇန်နဝါရီ-၂၁-၂၀၂၄
မျိုးဆက်(VOM)

အီရတ်အနောက်ပိုင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသွားပါတယ်။

အီရန်ကျောထောက်နောက်ခံပြူ ပြည်သူ့စစ်အဖွဲ့ဟာ အမေရိကန်တွေတပ်စွဲထားတဲ့ အယ်လ်အာဆက် လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အခိုင်အမာ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကို အီရတ်ရှိ အစ္စလာမ္မစ် ခုခံရေးအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။ အမေရိကန်အခြေစိုက် Washington Institute for Near East Policy အဆိုအရ အဲဒီအဖွဲ့ဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့ပြီး အီရတ်မှာလှုပ်ရှားနေတဲ့ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်းကလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် အခြားသော တိုက်ခိုက်မှုများကိုလည်း အဲဒီအဖွဲ့က လုပ်ဆောင်ခဲ့ပြီး အမေရိကန်အခြေစိုက်စခန်းများကိုလည်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

တ်စ် ဖြစ်ပွားပြီးနောက် အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေကို နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW