ဝါရှင်တန် ၊ ဖေဖော်ဝါရီ-၃-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်စစ်တပ်ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွတွေရဲ့ ပစ်မှတ် ၈၅ ခုကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။
ဒါဟာ အေမရိကန်စစ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်ခြင်းဖြစ်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွပစ်မှတ်တွေကို လက်တုံ့ပြန်တာလို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ လက်တုံ့ပြန်မှုကို ယနေ့စတင်ခဲ့ပြီး တိုက်ခိုက်မယ့် နေ့ရက်အချိန်နဲ့ ပစ်မှတ်တွေ ဆက်လက်ရှိနေမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်ရှိ တာဝါ ၂၂ ဟုခေါ်တဲ့ အမေရိကန်အခြေစိုက်စခန်းတခုကို စစ်သွေးကြွတွေက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်ကို အပြစ်တင်ထားပြီး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်တွေစာ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုထားပြီး အစ္စလာမ္မစ်ခုခံရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။
Ref:BBC
Photo:Arise