ရှမ်းမြောက် ပြည်ထောင်စုလမ်းပေါ်က သိန္နီ တံတား ပြန်လည်ဆောက်လုပ်ပြီးလို့ ဖြတ်သန်းသွားလာနိုင်ပြီ

 

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမ ပေါ်မှာရှိတဲ့ လားရှိး – သိန္နီကြားရှိ သိန္နီ တံတားကြီး ပြန်လည် ဆောက်လုပ်ပြီးလို့ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သိန္နီ တံတားကြီး သွားလို့ရပြီ ဒီနေ့။ လားရှိုးထိတော့ မရဘူး။ သိန္နီ – လားရှိုး နယ်စပ် ကျော်လို့ မရဘူး။ မိုင်းလီ ထိပဲ ရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ခရီးသည် ကားလေးတွေနဲ့ ဆိုင်ကယ်တွေကတော့ လားရှိုးဘက် သွားမယ်ဆိုရင် တောလမ်းကနေ ခက်ခက်ခဲခဲ သွားရတယ်လို့ ဆိုပါတယ်။

“တံတားကတော့ ကားကြီး သွားလို့ ရပေမယ့် မိုင်းလီကနေ ကျော်လို့ မရဘူးလေ။ ကားကြီးက မလာတာ အကောင်းဆုံးပါပဲ။” လို့ သူက ပြောပါတယ်။

ယာဉ်မောင်း တစ်ယောက်ကတော့ “တံတား ကြီးပြီးသွားလည်း ခရီးသည် ကားလေးတွေက အဲဒီ လမ်းမကြီးဘက်ကနေ လားရှိုးကို ဘယ်သူမှ မသွားရဲဘူး” လို့ ပြောပါတယ်။

အဲဒီ သိန္နီ တံတားကြီးကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက MNDAA အဖွဲ့က သံဘောင်တံတားကြီး ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ နယ်စပ် ကုန်သည် တစ်ယောက်က ပြောပါတယ်။

အဲဒီလားရှိုး – သိန္နီတံတား၊ သိန္နီ မြို့အထွက်က နမ္မတူချောင်းကူး သိန္နီယာယီ တံတားကိုလည်း အခုလ ဖေဖော်ဝါရီ ၅ ရက်နေ့က ပြုလုပ်ပြီးစီးခဲ့ကာ ၅ ရက် အကြာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ သိန္နီ တံတားကြီးကိုလည်း တည်ဆောက်ပြီးစီးသွားကာ သွားလာလို့ ရပြီလို့ ဆိုပါတယ်။

အဲဒီ သိန္နီ မြို့အထွက်က နမ္မတူချောင်းတံတားကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ ၃၀ ရက်နေ့က MNDAA နဲ့ ပူးပေါင်းအဖွဲ့က မိုင်းခွဲ ဖျက်ဆီးလို့ ကျိုးကျခဲ့တာဖြစ်ပါတယ်။

Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW