ရှမ်းမြောက် ပြည်ထောင်စုလမ်းပေါ်က သိန္နီ တံတား ပြန်လည်ဆောက်လုပ်ပြီးလို့ ဖြတ်သန်းသွားလာနိုင်ပြီ

  ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမ ပေါ်မှာရှိတဲ့ လားရှိး – သိန္နီကြားရှိ သိန္နီ တံတားကြီး ပြန်လည် ဆောက်လုပ်ပြီးလို့ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သိန္နီ တံတားကြီး သွားလို့ရပြီ ဒီနေ့။ လားရှိုးထိတော့ မရဘူး။ သိန္နီ – လားရှိုး နယ်စပ် ကျော်လို့ မရဘူး။ မိုင်းလီ ထိပဲ ရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ခရီးသည် ကားလေးတွေနဲ့ ဆိုင်ကယ်တွေကတော့ လားရှိုးဘက် သွားမယ်ဆိုရင် တောလမ်းကနေ ခက်ခက်ခဲခဲ သွားရတယ်လို့ ဆိုပါတယ်။ “တံတားကတော့ ကားကြီး သွားလို့ ရပေမယ့် မိုင်းလီကနေ ကျော်လို့ မရဘူးလေ။ ကားကြီးက…

Read More

ဆီနီဂေါ သမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေ

  ဒက်ကာ၊ ဖေဖော်ဝါရီ-၁၀-၂၀၂၄ မျိုးဆက်(VOM) ဆီနီဂေါနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ရေ့ွှဆိုင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေဟာ နိုင်င်ငံတဝန်းပျံ့နှံ့နေပြီး ဖေဖော်ဝါရီ ၉ ရက်မှာတော့ ပထမဆုံး လူသေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ မြောက်ပိုင်း စိန့်လူးဝစ်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား အဓိကရုဏ်းတွေကြောင့် ကျောင်းသားတယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ မြို့တော်ဒက်ကာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြလူအုပ်ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၅ ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ သမ္မတ မစ်ကီဆေးလ်ဟာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေ အရည်အချင်းမပြည့်မီဆိုကာ ရွေးကောက်ပွဲကို အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လွှတ်တော်က ရွေးကောက်ပွဲကို ၁၀ လနောက်ဆုတ်ခဲ့ပါတယ်။ အတိုက်အခံတွေကတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှုဖြစ်ကြောင်း ဝေဖန်ပြောဆိုထားကြပါတယ်။ Ref:BBC Photo:AP/AFP

Read More

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ကားသုံးဆင့်တိုက်မိပြီး လူနှစ်ယောက်သေဆုံး ၊ ခုနှစ်ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၁၀ ၊ ၂၀၂၄ SP ( VOM) ဒီကနေ့ မနက်အစောပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၈ / ၅ နေရာနားမှာ ကားနှသုံးစီးတိုက်မိပြီး ကားပေါ်မှာလိုက်ပါလာတဲ့ လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက် ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကူညီပေးခဲ့တဲ့ ပရဟိတသမားတယောက်က ” ကားသုံးဆင့်တိုက်မိတယ် ၊ တိုက်မိတဲ့ကားတွေက Toyota RAV 4 ကား ၊ Super Custom ကား ၊ Toyota Caldina ကားတွေဖြစ်တယ် ၊ Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား သုံးယောက် ၊ အမျိုးသမီး သုံးယောက် ၊ ပေါင်း ခြောက်ပါတယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၅ ကျပ် ဝယ်ဈေး – ၂၅၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၉ ကျပ် ဝယ်ဈေး – ၇၃၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပခုက္ကူခရိုင်ထဲ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုများလာ

ဖေဖော်ဝါရီ ၊ ၁၀ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ပြည်သူ့စစ် စခန်းတချို့နဲ့ ပြည်သူ့စစ်တွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေစကြိုမြို့နယ် ဒေသခံတယောက်က ဖေဖော်ဝါရီ ၉ ရက်နေ့က အဖြစ်အပျက်ကို ပြောပြတာက ” မနေ့က နေ့လယ်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် ၊ ဆင်ချောင်းကျေးရွာထဲက ထွက်လာတဲ့ ပြည်သူ့စစ်ကားနဲ့ ဆိုင်ကယ်တွေကို ပခုက္ကူ – ရေစကြိုကားလမ်းမှာ ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံးပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ ကျည်ဆံတွေပါသွားတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်း ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းကလည်း ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြှေ့အောင်…

Read More

ဥရောပဒေသမှာ လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ

  မက်ဒရစ်၊ ဖေဖော်ဝါရီ-၁၀-၂၀၂၄ မျိုးဆက်(VOM) ပိုလန်၊ ဟန်ဂေရီ၊ စပိန်နဲ့ ဘယ်လ်ဂျီယံတို့ရှိ လယ်သမားတွေအပါအဝင် ဥရောပသမဂ္ဂရဲ့ အစီအမံတွေနဲ့ ပတ်သက်ပြီး ဥရောပက လယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာပါတယ်။ ပိုလန်အနောက်ပိုင်းမှာတော့ လယ်သမားတွေဟာ လယ်ထွန်စက် ၁၄၀၀ နဲ့အတူ ပေါ့ဇ်နန်မှာ လမ်းတွေပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီး တိုလီဒိုနဲ့ ဇာရာဂိုဇာမြို့တွေကို ဝင်ရောက်ဖို့ရည်ရွယ်ချက်နဲ့ စပိန်ဒေသအချို့မှာ ပိတ်ဆို့ဆန္ဒပြတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။ ဒီလိုဆန္ဒပြမှုတွေဟာ ဥရောပတိုက်ရှိ လယ်သမားတွေပါဝင်လာခဲ့ပြီး သူတို့ရဲ့ မကျေနပ်ချက်နဲ့ တောင်းဆိုမှုတွေက ကွဲပြားခြားနားနေပါတယ်။ ပိုလန်နဲ့ ဟန်ဂေရီ လယ်သမားတွေကတော့ ဒေသတွင်းထွက်ကုန်တွေထက် သက်သာတဲ့ဈေးနဲ့ ယူကရိန်းက ကောက်ပဲသီးနှံ တင်သွင်းမှုအပေါ် ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။ လယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပြင်းထန်နေချိန်မှာ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုကို ထက်ဝက်လျှော့ချဖို့ အစီအစဉ်ကို ဥရောပသမဂ္ဂက ရုပ်သိမ်းပေးခဲ့ပါတ်။ ဒီအစီအစဉ်ဟာ သီးနှံစိုက်ပျိုးမှုနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို…

Read More

This Day in History

Voice of Myanmar ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဂယ်ရီကက်စ်ပါရော့ဗ်သည် အိုင်ဘီအမ်ကုမ္ပဏီက တီထွင်ဖန်တီးထားသော စစ်တုရင်ကွန်ပြူတာ Deep Blue နှင့် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ခြောက်ချီယှဉ်ပြိုင်ခဲ့ရာ ဂယ်ရီကတ်စ်ပါရော့ဗ်က ၄-၂ ဖြင့်အနိုင်ရရှိခဲ့သည်။

Read More

မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် ထိုင်းအစိုးရရဲ့ အကူအညီတွေ မတ်လအတွင်းမှာ ရမယ်

  ဘန်ကောက်၊ ဖေဖော်ဝါရီ-၉-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံဟာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ကြားခံနေရာဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အကူအညီပေးရေး ကြားခံနေရာကို ထိုင်းနိုင်ငံအနောက်ပိုင်း မြန်မာနယ်စပ်ရှိ မဲဆောက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ဟာ မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ ပထမအသုတ်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် လူပေါင်း နှစ်သောင်းစာအတွက် ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ နစကတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေစဉ်မှာ ထိုင်းအစိုးရက မြန်မာဒုက္ခသည်တွေအတွက် အကူအညီပေးရေး လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ထိုင်းအစိုးရနဲ့ နစကတို့အကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် အာဆီယံအဖွဲ့က ဇန်နဝါရီလအတွင်းမှာ ထောက်ခံခဲ့ပါတယ်။ “ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စဟာ လူ့အသက်အိုးအိမ်စည်းစိမ်ဖြစ်ပြီး ဒါဟာ…

Read More

ဇရပ်ကြီးတိုက်ပွဲကြောင့် စစ်ဘေးရှောင် တသောင်းကျော်အထိရှိလာပြီး အရေးပေါ် အကူအညီတွေလိုအပ်နေ

  ပဲခူး ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄ GG(VOM) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်ရတာမို့ တောင်ငူမှာ စစ်ရှောင်ဦးရေ တသောင်းကျော်လောက်အထိရှိလာနေတဲ့အေကြာင်း တောင်ငူဒေသခံတွေဆီက သိရပါတယ်။ စစ်ဘေးရှောင်ဦးရေ တသောင်းကျော်အထိ ရှိလာတာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်၊သောက်ရေ၊ ခြင်ထောင်၊စောင် အပါအဝင် အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။ ” စစ်ဘေးရှောင်က ဇရပ်ကြီးမှာတော့ ကုန်သလောက်ဖြစ်သွားပြီ၊ အနီးအနားရွာတွေမှာပဲရှိတော့မယ်။ စစ်ရှောင်များလာတော့ အကူအညီတွေလည်း တော်တော်လေးလိုအပ်နေပါတယ်။ တနေ့အတွက် အစားအသောက်တွေလိုအပ်ချက်ရှိတယ်၊စောင် ခြင်ထောင်လိုတယ်။ ဆေးဝါးလည်းလိုတယ်။ ဘယ်နေ့အထိစစ်ရှောင်ရမလဲဆိုတာ မပြောနိုင်တဲ့အတွက် လိုအပ်ချက်က ရှိနေဆဲပါ ” လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။ လက်ရှိမှာ ဇရပ်ကြီးမြို့ နဲ့ ကျေးရွာတွေကနေ စစ်ရှောင်လာတဲ့ ဒေသခံပြည်သူ ကလေးငယ်အပါအဝင် သက်ကြီးရွယ်အို ဘိုးဘွားတွေအထိ…

Read More
VOM News

FREE
VIEW