ဥရောပဒေသမှာ လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ

 

မက်ဒရစ်၊ ဖေဖော်ဝါရီ-၁၀-၂၀၂၄

မျိုးဆက်(VOM)

ပိုလန်၊ ဟန်ဂေရီ၊ စပိန်နဲ့ ဘယ်လ်ဂျီယံတို့ရှိ လယ်သမားတွေအပါအဝင် ဥရောပသမဂ္ဂရဲ့ အစီအမံတွေနဲ့ ပတ်သက်ပြီး ဥရောပက လယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာပါတယ်။

ပိုလန်အနောက်ပိုင်းမှာတော့ လယ်သမားတွေဟာ လယ်ထွန်စက် ၁၄၀၀ နဲ့အတူ ပေါ့ဇ်နန်မှာ လမ်းတွေပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီး တိုလီဒိုနဲ့ ဇာရာဂိုဇာမြို့တွေကို ဝင်ရောက်ဖို့ရည်ရွယ်ချက်နဲ့ စပိန်ဒေသအချို့မှာ ပိတ်ဆို့ဆန္ဒပြတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

ဒီလိုဆန္ဒပြမှုတွေဟာ ဥရောပတိုက်ရှိ လယ်သမားတွေပါဝင်လာခဲ့ပြီး သူတို့ရဲ့ မကျေနပ်ချက်နဲ့ တောင်းဆိုမှုတွေက ကွဲပြားခြားနားနေပါတယ်။ ပိုလန်နဲ့ ဟန်ဂေရီ လယ်သမားတွေကတော့ ဒေသတွင်းထွက်ကုန်တွေထက် သက်သာတဲ့ဈေးနဲ့ ယူကရိန်းက ကောက်ပဲသီးနှံ တင်သွင်းမှုအပေါ် ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။

လယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပြင်းထန်နေချိန်မှာ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုကို ထက်ဝက်လျှော့ချဖို့ အစီအစဉ်ကို ဥရောပသမဂ္ဂက ရုပ်သိမ်းပေးခဲ့ပါတ်။ ဒီအစီအစဉ်ဟာ သီးနှံစိုက်ပျိုးမှုနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

စပိန်၊ ဂရိ၊ အီတလီ စတဲ့နိုင်ငံတွေမှာလည်း လယ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာနေပြီး တာဝန်ရှိသူတွေအနေနဲ့ လယ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ မူဝါဒတွေကို ပြောင်းလဲဖြည့်ဆည်းဖို့ တောင်းဆိုနေကြပါတယ်။

Ref:BBC

Photo:Reuters/ AFP

Related posts

Leave a Comment

VOM News

FREE
VIEW