ဆူးငှက် စာအုပ်ဆိုင်လေး လူစည်ချိန် ——————————– စာအုပ်ဆိုင်လေးက စဖွင့်ကတည်းက မဆိုးလှဟု ပြောရမည်။ အစပိုင်းက ငှားရမ်းသူ အစိတ် သုံးဆယ်မှ တဖြည်းဖြည်းနှင့် ပရိသတ်အရေအတွက် တက်လာသည်။ လာကြသူများတွင် တစ်ဦးတစ်ယောက်ထက် ဇနီးမောင်နှံ၊ မောင်နှမများ၊ ညီအစ်မများ၊ တူဝရီးများ ဖြစ်ကြသည်။ ထို့ကြောင့် ညနေပိုင်း ၇နာရီကျော်သည်နှင့် ဆိုင်သို့ လူကျလာသည်။ ထိုအခါ ရှေ့က အသစ်စာအုပ်များ ငှားသည့် နေရာမှာ ခင်သော်ဇင်သာမက မမခင်မြရော သူ့သမီး မြမြဝင်းရော တူမ စန္ဒာဦးရော ကူကြသည်။ အတွင်း စာအုပ်ဟောင်းကောင်တာမှာတော့ လာသူနည်းပါသည်။ ထိုကောင်တာက စာအုပ်များကိုတော့ အကြောင်းသိသူများကိုသာ ငှားပါသည်။ ပရိသတ်အသစ်ထဲမှ ငှားတာကြာပြီး သိကျွမ်းနေကာ သူကိုယ်နှိုက်က ထိုစာအုပ်များ ကြည့်ပါရစေဆိုမှ ငှားပေးပါသည်။ စာအုပ်ဟောင်းကောင်တာက အငှားကျဲသည်ဆိုငြား လာငှားသူက စာအကြောင်းပေအကြောင်း စာအုပ်အကြောင်း ပြောနေဆိုနေကြတော့ ကျွန်တော်ကလည်း…
Read MoreDay: June 18, 2026
လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေသူတွေကြောင့် နစ်နာသူတွေများလို့ ရောင်းမှား/ ဝယ်မှား မဖြစ်ဖို့ သတိထားဖို့လို
မန္တလေး၊ ဇွန်- ၁၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။ လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့…
Read Moreသမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နယ်စပ်တည်ငြိမ်ရေးနဲ့ ရပ်ဆိုင်းနေတဲ့ စီးပွားရေးတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်
ဇွန် ၁၇ – ၂၀၂၆ SN (VOM) သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ခရီးစဉ်ဟာ တရုတ် – မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ ရပ်ဆိုင်းနေတဲ့ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို ပြန်လည် အသက်သွင်းဖို့အတွက် အဓိက သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံသမ္မတဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ငါးရက်ကြာ သွားရောက်နေတာ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်အတွင်း မြန်မာ – တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲတွေ လျော့ကျရေးနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ အလေးထား ဆွေးနွေးကြမှာဖြစ်တာကြောင့်…
Read Moreချင်းရွှေဟော်မှာ MNDAA က နယ်စပ်ကုန်သွယ်ရေးဂိတ် အသစ် ဖွင့်ဖို့ ပြင်ဆင်နေ
ဇွန် ၁၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ MNDAA က နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ဖွင့်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ နယ်စပ် ဂိတ်အသစ် ဖွင့်ဖို့ပါ ပြင်ဆင်နေတာ။ ဂိတ်အဟောင်းလည်း အသုံးပြုနေဆဲပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နယ်စပ်ဂိတ် အသစ် ဆောက်လုပ်နေမှုကတော့ ပြီးခါနီးနေပြီလို့ သူက ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဂိတ်ဟောင်းကို အရင်ထက် ပိုကျယ်ဝန်းအောင် ပြုပြင်နေပြီး ကုန်တင်ကားကြီး၊ ကားငယ်တွေ ရပ်နားဖို့ အဆင်ပြေစေမယ့် ကွင်းပြင်ပုံစံနဲ့ ချဲ့ထွင်နေတာလို့ နောက်ထပ်ဒေသခံ တယောက်ကပြောပါတယ်။ “အရင်က သတ်မှတ် ကာရံထားတဲ့ နယ်စပ်စည်းရိုးကတော့ ရှေ့တိုးလာသလို တွေ့ရတယ်” လို့လည်း သူက ပြောပါတယ်။…
Read Moreထိုင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာ ၃၃ ယောက် ဖမ်းဆီးခံရ
ဇွန် ၁၇ – ၂၀၂၆ SS (VOM) ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ (Highway Police) က မနေ့ ဇွန် ၁၆ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ဆူရတ်ဌာနီခရိုင်၊ ထာ့ချနဒေသရှိ အာရှလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းဘေးမှာ စက်ပျက်လို့ ရပ်ထားတဲ့ အလုံပိတ် ကုန်တင်ကားတစီးကို မနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တာကြောင့် ကူညီဖို့အတွက် ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တရားမဝင် ရောက်ရှိနေသူတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်း တစုံတစ်ရာမရှိဘဲ တရားမဝင် ခိုးဝင်လာသူတွေဖြစ်ကာ စစ်ဆေး မေးမြန်းချက်တွေအရ ၎င်းတို့ဟာ ရတ်ချ်ဘူရီခရိုင်မှတဆင့် မလေးရှားနယ်စပ်အနီးရှိ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ကို သွားရောက်ကြမှာ…
Read Moreကျောက်တော်မှာ ခြောက်နေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံး ၊ ငါးယောက်ထက်မနည်းဒဏ်ရာ
ဇွန် ၁၇ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာ ဒီကနေ့ ဇွန် ၁၇ ရက်နေ့မှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီကနေ့ ညနေ ၃ နာရီလောက်ကစပြီး ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက် ၊ လမ်းမတော်ရပ်ကွက် အပါအဝင် နေရာ ခြောက်နေရာထက်မနည်းကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာများတဲ့အတွက် ထိခိုက်ဒဏ်ရာရ အရေအတွက် အတိအကျကို စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်းနဲ့ ကနဦး သိရတဲ့ ဒဏ်ရာရ ငါးယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ် ။ ” ခုနှစ်ဦးပွဲချင်းပြီး သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲမှာငါးဦးလောက်က လုံးဝစိုးရိမ်ရတဲ့ အခင်းအကျင်းမှာရှိတယ်။ ဒဏ်ရာရတဲ့လူဦးရေက ဒီထက်တိုးလာနိုင်သေးတယ်။ ဖြစ်တဲ့နေရာတော်တော်များတော့ ဒဏ်ရာရလူဦးရေ…
Read Moreဝက်လက်မြို့မှာ နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ယောက် သေဆုံး
ဇွန် ၁၇ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီကနေ့ ဇွန် ၁၇ ရက်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဝက်လက်မြို့နယ်၊ ပေါက္ကံ – ရှိန်းမကားလမ်း၊ ပေါက္ကံဘူတာအနီးက ညောင်ပင်ကြီးတောကျေးရွာ (တောင်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ငါးယောက် သေဆုံးပြီး ဒဏ်ရာရသူ တချို့လည်းရှိကာ နွားနှစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး ငါးယောက်မှာ သုံးယောက်က ပွဲချင်းပြီးဖြစ်သွားတယ်။ နေအိမ်တချို့လည်း ပျက်စီးတာရှိတယ်။ သေဆုံးသူတွေကို နေ့ချင်းပြီးပဲ သင်္ဂြိုဟ်လိုက်ကြတာပါ။ ဒဏ်ရာရတဲ့သူတွေကတော့ သုံးယောက်ထက်မနည်းတော့ ရှိလိမ့်မယ်။ အရေအတွက် သေသေချာချာ မသိရသေးဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။ ဒါအပြင်…
Read More