သန်လျင်တံတား စီမံကိန်း ပြီးစီးတော့မှာကြောင့် သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော် မြင့်တက်နေ

မေ ၉ – ၂၀၂၄SN (VOM)သန်လျင်တံတား အမှတ် (၃) ပြီးစီးတော့မယ့် သတင်းတွေကြောင့် သန်လျင်မြို့နယ်ထဲက အိမ်ခြံမြေဈေးတွေ နှစ်ဆကျော် မြင့်တက်နေ တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ရန်ကုန်မြို့တွင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းဟာ လက်ရှိမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်တာကြောင့် သန်လျင်အိမ်ခြံမြေဈေးနှုန်းဟာလည်း နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။“သန်လျင်တံတားပြီးရင်တော့ သန်လျင်မှာ အခုထက်ပိုပြီး အိမ်ခြံမြေဈေး ကောင်းလာနိုင်တယ်။ မြို့ထဲနဲ့လည်းနီးတော့ အခု တံတားဖွင့်လာရင် သန်လျင်က ပိုပြီးတော့တောင် စည်ကားလာနိုင်တယ်။ အဲဒါကြောင့် အခုထက်ပိုပြီး ဈေးမတက်ခင်မှာ ကိုယ်‌နေဖို့ အစီအစဉ်မရှိဘူး ဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ သန်လျင်က အိမ်ခြံမြေတွေကို ဝယ်ယူထားသင့်တယ်” လို့ သန်လျင် အိမ်ခြံမြေ အကျိုးဆောင်တယောက်က…

Read More

ရာပြတ်တန်ဖိုးကြောင့် အိမ်ခြံမြေဈေးကွက် အေးပြီး ဈေးနှုန်းကျဆင်းနိုင်

ဧပြီ ၆ – ၂၀၂၄ SN (VOM) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ အရောင်းအ၀ယ် တန်ဖိုးဖြတ် (ရာပြတ်) သတ်မှတ်ချက်မှာ နှုန်းထားတွေ မြှင့်တင်သတ်မှတ်ထားတဲ့အတွက် အိမ်ခြံမြေဈေးကွက် အေးပြီး ဈေးနှုန်းကျဆင်းနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်‌တွေက သုံးသပ် ပြောဆိုပါတယ်။ ရာပြတ်တန်ဖိုး နှုန်းထားတွေကို တကျပ်ကနေ ကျပ် သိန်း ၃၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ ကနေ သိန်း ၆၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၆၀၀၀ က သိန်း တသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ သိန်း တသောင်းကနေ သိန်း သုံးသောင်းအထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် သိန်း သုံးသောင်းနဲ့ အထက်ကို ၃၀…

Read More

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ

  ဖေဖော်ဝါရီ ၁၈ – ၂၀၂၄ SN (VOM) လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ ပိုများနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ ဈေးနှုန်း ကွာဟချက်တွေကြောင့် အရောင်းထက် အငှားဈေးကွက် ပိုသွက်နေခြင်းဖြစ်သလို လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်လိုသူတွေဟာ များသောအားဖြင့် ရန်ကုန်ဘက်ကို လာရောက် နေထိုင်ကြတဲ့အတွက် အငှားဈေးကွက် ပိုဖြစ်နေတာလို့ သိရပါတယ်။ “အခုက နယ်တွေကနေ ဒီဘက်ကို တိုက်ပွဲရှောင်လာတဲ့ သူတွေများလာတယ်။ ဒါ့ကြောင့် လုံးချင်းအိမ်တွေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေ အငှားများနေတယ်။ အရောင်းကတော့ မရှိသလောက်ပဲ။ ဒီအချိန်မှာ အရောင်းဖြစ်နေတာက မြေကွက်တွေပဲရှိတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။ လက်ရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်တွေ ပိုဖြစ်နေတာမှာ…

Read More

ဒလ အိမ်ခြံမြေဈေးကွက် သိန်းသောင်းချီ ပေါက်ဈေးရှိနေ

  ဇန်နဝါရီ ၁၆ – ၂၀၂၄ SN (VOM) ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းကြောင့် ဒလ အိမ်ခြံမြေဈေးတွေ မြင့်တက်လာပြီး သိန်းသောင်းချီ ပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ဒလတံတား တည်ဆောက်နေမှုဟာ လက်ရှိမှာ ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးနေပြီဖြစ်တဲ့အတွက် ဒလဘက်က မြေကွက်တွေ တလထက်တလ ဈေးနှုန်းအဆမတန် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ “ဒလံတံတား စီမံကိန်းကြောင့် ဒလမြေဈေးတွေ ဆက်တိုက် တက်လာတယ်။ သူနဲ့ တဆက်တည်း တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုဘက်မှာလည်း မြေဈေးတွေတက်လာတာကို တွေ့ရတယ်။ တံတားပြီးသွားရင် လမ်းပန်းဆက်သွယ်ရေးက ကောင်းသွားပြီလေ။ အခုကတော့ နေဖို့ထက် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ ဝယ်ကြတာများတယ်။ ဈေးနှုန်းတွေကလည်း ပါးစပ်ခေါ်ဈေး၊ ညှိနှိုင်းဈေးနဲ့ အရောင်းအဝယ် လုပ်ကြတာများတော့ ဈေးတွေ အဆမတန် ခုန်တက်ကုန်တာ” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က…

Read More

ဝါကျွတ်အပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး

  ဒီဇင်ဘာ ၂၀ – ၂၀၂၃ SN (VOM) ဝါကျွတ်ကာလဖြစ်ပေမယ့် လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူတချို့လောက်သာ အဝယ်ရှိနေပြီး ဈေးကွက်အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ ပုံမှန်အရောင်းဝယ်ရှိနေတဲ့ ဒဂုံမြို့သစ် လေးမြို့နယ်က အိမ်ခြံမြေဈေးတွေဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ အရောင်းအဝယ်အေးလာပြီး အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေတာကြောင့်လည်း အိမ်ခြံမြေ ဝယ်ယူနေထိုင်ခြင်းထက် အငှားနေထိုင်သူတွေသာ များပြားလျက်ရှိနေတယ်လို့ သိရပါတယ်။ “လက်ရှိကာလမှာကတော့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တာထက် အငှားပဲရှိတယ်။ အရောင်းအဝယ်သာ မကောင်းတာ။ ဈေးကတော့ နှစ်ဆတက်နေတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ ငွေစက္ကူသစ်ထုတ်မယ့် သတင်းကြောင့် အရောင်းအဝယ်က သိသိသာသာ ကောင်းခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်းကတော့ အစစအရာရာ ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ အရောင်းအဝယ်တွေ ပြန်အေးနေတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေတောင် အဝယ်သိပ်မရှိတော့ဘူး။ တခြားလုပ်ငန်းတွေမှာ ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကြပြီ။ အိမ်ဆောက်မယ့်သူတွေတောင်…

Read More

ရန်ကုန် တိုက်ခန်းနဲ့ ကွန်ဒိုတွေ စျေးမကျဘဲ အရောင်းအဝယ်အေး

  အောက်တိုဘာ ၂၉ – ၂၀၂၃ SN (VOM) လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနဲ့ ကွန်ဒို ဈေးနှုန်းတွေ ကျဆင်းခြင်းမရှိဘဲ အတက်စျေးမှာငြိမ်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ကုန်ကြမ်းဈေးနှုန်းတွေနဲ့ ဆောက်လုပ်ရေးအတွက် ပြုပြင်စရိတ်တွေ ဈေးအဆမတန် မြင့်တက်နေတာကြောင့် တိုက်ခန်း၊ ကွန်ဒိုဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် ဈေးပိုမို မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဈေးကွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဘိလပ်မြေဈေး၊ သံဈေးတွေ အဆမတန်မြင့်တက်နေသလို တခြားတခြားသော ကုန်ကျစရိတ်တွေလည်း ရှိနေတဲ့အတွက် လတ်တလော တည်ဆောက်ပြီးသား တိုက်ခန်းတွေ၊ ကွန်ဒိုတွေကတော့ ဈေးလျှော့ပြီး ရောင်းလို့မရတဲ့ အခြေအနေပေါ့။ တိုက်ခန်းဈေးက အနည်းဆုံး ကျပ် သိန်း ၆၀၀ ဝန်းကျင်ရှိတယ်။ ကွန်ဒိုဈေးကလည်း အနည်းဆုံး ကျပ် သိန်း…

Read More

ရန်ကုန် အိမ်ခြံမြေဈေး နှစ်ဆနီးပါး မြင့်တက်နေ

ဩဂုတ် ၄ – ၂၀၂၃ SN (VOM) ရန်ကုန်အပါအဝင် ပြည်တွင်း အိမ်ခြံမြေဈေး ငြိမ်သက်မှုမရှိဘဲ အလှုပ်အခတ် များနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ လက်ရှိမှာ ကုန်ဈေးနဲ့ကြီးမြင့်မှုနဲ့ အခြားအခြေအနေတွေကြောင့်ငွေသားလက်ဝယ် ကိုင်ဆောင်လိုသူတွေ နည်းပါးလာခဲ့ကာ တပိုင်တနိုင် ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ခိုင်မာမှုရှိတဲ့ လုံးချင်းအိမ်တွေ၊ ခြံတွေနဲ့ မြေကွက်တွေဘက်ကို ခြေဦးလှည့်လာလျက်ရှိ တယ်လို့ သိရပါတယ်။ “နစက က နှစ်သောင်းတန်ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်လို့ကြေညာပြီး နောက်ပိုင်းကစလို့ အိမ်ခြံမြေဈေးကွက်က လှုပ်လာတာပေါ့။ တချို့တွေကျတော့လည်း ငွေထုပ်ပိုက်ပြီး လိုက်ဝယ်တာတွေတောင်ရှိတယ်။ ချက်ချင်းငွေချေပေါ့ အဲ့လိုမျိုးဝယ်ကြတာ။ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဒါဘာလိုနေရာမျိုးနေရာမျိုးတောင်မှ အခု သိန်း ၃၅၀ ကျော်၊ ၄၀ နား ကပ်နေပြီ။ ဈေးက တစ်ရက်နဲ့တစ်ရက်တောင် မတူဘူး။ ဒီနေ့ ဒီဈေးပြောထားပေမယ့် နောက်နေ့ အဲ့ဈေး ရချင်မှ ရတော့မယ်။ ဈေးတွေကမငြိမ်ဘူး။ နှစ်ဆနီးပါးလောက်ကို…

Read More
VOM News

FREE
VIEW