ဗြိတိန်တက္ကသိုလ် ၁၀ ခုမှာ အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွား

လန်ဒန်၊ မေ-၉-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်တက္ကသိုလ်တွေမှာ ဆက်လက်ဖြစ်ပွားချိန်မှာပဲ ဗြိတိန်နိုင်ငံတဝန်းရှိ တက္ကသိုလ် ၁၀ ခုမှာလည်း အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
ဆန္ဒပြမှုတွေအတွင်း လူအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကိန်းဘရစ်ချ်တက္ကသိုလ်မှ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ ယာယီတဲအလုံး ၅၀ နီးပါးနဲ့ စခန်းချ ဆန္ဒပြနေကြပါတယ်။
အစ္စရေးကို လက်နက်ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ တက္ကသိုလ်များအကြား ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့နဲ့ အဲဒီလုပ်ငန်းတွေက ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို လက်မခံသင့်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
တောင်းဆိုချက်တွေကို လိုက်လျောတဲ့ထိ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေကပြောပါတယ်။ ပညာရေးဆိုင်ရာတက္ကသိုလ်တွေမှာ အခုလို ဘာသာ ကိုးကွယ်ယုံကြည်မှုနဲ့ဆက်နွယ်တဲ့ ဆန့်ကျင်မှုတွေ မြင့်တက်နေတာဟာ ခက်ခံဖွယ်မရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က အစိုးရအဖွ့ဲအစည်းအဝေးမှာ ပြောပါတယ်။
လက်ခံနိုင်ဖွယ်ရှိတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ချဉ်းကပ်မှုတွေ လုပ်ဆောင်ဖို့ တက္ကသိုလ်တာဝန်ရှိသူတွေကို ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က တောင်းဆိုသွားဖွယ်ရှိပါတယ်။ ဒီအတောအတွင်း အစ္စရေးဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံနယ်မြေဖြစ်တဲ့ ရာဖာကို ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေပြီး ထိုးစစ်ဆင်မယ်ဆိုရင် လက်နက်ထောက်ပံ့မှုအချို့ ရပ်ဆိုင်းသွားမယ်လို့ အမေရိကန် သတိပေးထားပါတယ်။
Ref:NHK
Photo:Reuters/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW