မအူပင်မြို့နယ်မှာ အအေးခေါင်းသယ်ယူလာတဲ့ နာရေးအသင်း ကားတစီး တိမ်းမှောက် သုံးယောက်သေဆုံး

မေ ၊ ၉ ၊ ၂၀၂၄ TT (VOM) ဧရာဝတီတိုင်း ၊ မအူပင်ခရိုင် ၊ မအူပင်မြို့ရဲ့ အရှေ့ဘက်ကမ်း တပင်ရွှေထီနားမှာ ဒီကနေ့ ညနေပိုင်းက အအေးခေါင်းသယ်ယူလာတဲ့ နာရေးကူညီမှု ကားတစီး တိမ်မှောက်ခဲ့တာကြောင့် အဲ့ဒီယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ပရဟိတသမား သုံးယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ညောင်ဝိုင်းရွာ နာရေးကူညီမှု အဖွဲ့အတွက် အအေးခေါင်းကို ရန်ကုန်ကနေ ကျောင်းရွာကို သယ်ယူလာပေးတယ် ၊ သယ်ယူလာတဲ့ကားက 77 စတိုးက လိုက်ထရပ်ကားလို့ ကနဦး သိရတယ် ၊ အဲ့ဒီကားက ဘီးပေါက်ပြီး လမ်းဘေးမြှောင်းထဲထိုးကျ တိမ်းမှောက်သွားတယ် ၊ အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ပရဟိတသမား သုံးယောက်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ညောင်ဝိုင်းပရဟိတက ဦးထွန်းထွန်းနဲ့ ဦးဌေးလွင်ဖြစ်တယ် ၊ နောက်တယောက်က အမှတ် ၁၂ ရပ်ကွက်က…

Read More

ဗလမင်းထင်တံတား အနီးက မိုင်းနား စုပေါင်းဂိတ်ကို KIA နဲ့ ပူးပေါင်းအဖွဲ့ လာရောက်ပစ်ခတ်

မေ ၉၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကြား ဗလမင်းထင်တံနား အနီးက မိုင်းနားစုပေါင်းဂိတ်ကို မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲကျော်ခန့်က KIA နဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။“ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာက ဗလမင်းထင် တံတားနားက စုပေါင်းဂိတ် လာပစ်တာ။ မီးလည်းလောင်တယ်။ လမ်းတော့ ပိတ်ထား လိုက်ပြီ” လို့ ဒေသခံ လူငယ်တယောက်က ပြောပါတယ်။လူတွေ ဖြတ်သန်းသွားလာနေချိန် ရုတ်တရက် လာပစ်တာဖြစ်လို့ လမ်း ပေါ်က လူတွေလည်း ဖရိုဖရဲ ထွက်ပြေးနေကြတယ်လို့ သူက ပြောပါတယ်။“ပြည်သူတွေ ဒီလောက် ဖြတ်သန်းသွားလာနေချိန်မှာ ရုတ်တရက် လာပစ်တယ်ဆိုတော့ သူတို့လည်း ဘာမှ လုပ်လို့ မရတော့ဘူးလေ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ပြည်သူတွေတော့ ထိခိုက်တာ…

Read More

တိုက်ပွဲကြောင့် ယာယီပိတ်ထားတဲ့ ရန်ကုန်-ထားဝယ်-မြိတ် လမ်းပိုင်း ပြန်ဖွင့်

မေ ၉ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်းအတွင်း တိုက်ပွဲကြောင့် လေးရက်ကြာ ယာယီပိတ်ထားရတဲ့ ရန်ကုန် -ထားဝယ်-မြိတ် လမ်းပိုင်းကို ဒီကနေ့ မေ ၉ ရက်၊ မနက်ပိုင်းက ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်တယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ ရန်ကုန်-မြိတ်-ထားဝယ် လမ်းပိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီးမှာ ပြီးခဲ့တဲ့ မေ ၅ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားလမ်းသွားလာခွင့် ယာယီ ပိတ်ထားခဲ့တာဖြစ်ပြီး ငါးရက်မြောက်နေမှာတော့ ကားလမ်းပြန်ပွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မြိတ်-ထားဝယ် လမ်းပိုင်းကတော့ ဒီမနက် ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် ကားတွေကများတော့ လမ်းပိတ်ဆို့မှုတွေတော့ ရှိတာပေါ့။ သတိအနေအထားနဲ့ လမ်းပိုင်းအခြေအနေ ဂရုစိုက်ပြီး နေရာကထွက်ရတယ်။ မြိတ်-ဘုတ်ပြင်း၊ မြိတ်-ကော့သောင်း လမ်းပိုင်းကတော့ ပိတ်ထားတုန်းပဲ” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ လက်ရှိအချိန်အထိ ဆက်လက် ပိတ်ထားဆဲ ဖြစ်တဲ့…

Read More

ကွတ်ခိုင် မိုင်းယရွာမှာ လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲလို့ ကလေး နှစ်ယောက်သေဆုံး၊ သုံးယောက် ဒဏ်ရာရ

မေ ၉၊ ၂၀၂၄Shy V (VOM)ကွတ်ခိုင်မြို့နယ်၊ မိုင်းယရွာမှာ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကလေးတွေ လက်နက်ကြီးကျည် ကောက်ဆော့ရာ ပေါက်ကွဲလို့ ကလေး နှစ် ယောက်သေဆုံးသွားပြီး သုံးယောက် ထိခိုက် ဒဏ်ရာရသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။“‌တနေ့ည မေလ ၇ ရက်နေ့က မိုင်းယက ကလေး ငါးယောက် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ကောက်ဆော့တာ။ အဲမှ ပေါက်ကွဲလာလို့ နှစ် ယောက်က ‌ဆုံးသွားတယ်။ကြေမွှ သွားတာပဲ။ သုံး​ယောက်က ထိခိုက် ဒဏ်ဂာရ သွားတယ်။သူတို့ ည သန်းခေါင်မှ ဆေးရုံ ရောက်လာကြတာ။ အခု ကွတ်ခိုင်ဆေးရုံမှာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။တိုက်ပွဲဖြစ်ခဲ့နေရာ ဒေသက ကလေးမိဘတွေ အနေနဲ့ ကလေးတွေကို စစ်ကျန်နက်နက်တွေနဲ့ ပတ်သက်ပြီး ပြောပြထားသင့် သလို…

Read More

ယနေ့ ရွှေဈေး (မေ – ၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

သန်လျင်တံတား စီမံကိန်း ပြီးစီးတော့မှာကြောင့် သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော် မြင့်တက်နေ

မေ ၉ – ၂၀၂၄SN (VOM)သန်လျင်တံတား အမှတ် (၃) ပြီးစီးတော့မယ့် သတင်းတွေကြောင့် သန်လျင်မြို့နယ်ထဲက အိမ်ခြံမြေဈေးတွေ နှစ်ဆကျော် မြင့်တက်နေ တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ရန်ကုန်မြို့တွင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းဟာ လက်ရှိမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်တာကြောင့် သန်လျင်အိမ်ခြံမြေဈေးနှုန်းဟာလည်း နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။“သန်လျင်တံတားပြီးရင်တော့ သန်လျင်မှာ အခုထက်ပိုပြီး အိမ်ခြံမြေဈေး ကောင်းလာနိုင်တယ်။ မြို့ထဲနဲ့လည်းနီးတော့ အခု တံတားဖွင့်လာရင် သန်လျင်က ပိုပြီးတော့တောင် စည်ကားလာနိုင်တယ်။ အဲဒါကြောင့် အခုထက်ပိုပြီး ဈေးမတက်ခင်မှာ ကိုယ်‌နေဖို့ အစီအစဉ်မရှိဘူး ဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ သန်လျင်က အိမ်ခြံမြေတွေကို ဝယ်ယူထားသင့်တယ်” လို့ သန်လျင် အိမ်ခြံမြေ အကျိုးဆောင်တယောက်က…

Read More

မန္တလေး ကုန်စည်ဒိုင် ၉ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၉ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဖူးခက်မှာတွေ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့

ဘန်ကောက်၊ မေ-၉-၂၀၂၄မျိုးဆက်(VOM)ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်ထရာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖူးခက်ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ဒီလိုဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအပြင် ထိုင်းတောင်ပိုင်းမှာ ထကြွနေတဲ့ သူပုန်တွေအရေးလည်း ပါဝင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။အာဏာရဖြူထိုင်းပါတီရဲ့ တရားဝင်မဟုတ်တဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတဲ့ သက်ဆင်ဟာ မေ ၂၉ ရက်မှာ ဖူးခက်ကို ရောက်ရှိခဲ့ပြီး မေ ၂ ရက်မှာ ပြန်လည်ထွက်ခွာခဲ့ပြီး သီးသန့်အပန်းဖြေခရီးဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် သူ့ရဲ့အမှန်တကယ်ရည်ရွယ်ချက်အပေါ် မေးခွန်းထုတ်မှုတွေရှိနေပါတယ်။သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေအကြောင်း ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပိုမိုပါဝင်ဖို့ သက်ဆင်ကို မလေးရှားဝန်ကြီးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။သက်ဆင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကလည်း မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ ချင်မိုင်းမှာတွေ့ခဲ့တာကြောင့် သူဟာ မလေးရှားဝန်ကြီးချုပ်နဲ့လည်း မြန်မာ့အရေး တွေ့ဆုံတာဖြစ်တယ်လို့…

Read More

မြင်းခြံနယ်မှာ ပြည်သူ့စစ်ရွာ တိုက်ခိုက်ခံရပြီး လူ ၂၀ ကျော်သေဆုံး

မေ ၊ ၉ ၊ ၂၀၂၄SP (VOM)မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ဖက်ပင်အိုင်ကျေးကွာအုပ်စု ၊ ဆုံရွာမှာရှိတဲ့ ပြည်သူ့စစ်တွေကို ဒီမနက်အစောပိုင်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ ကလေး / လူကြီး အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။တိုက်ပွဲဖြစ်တဲ့ ဆုံရွာဒေသခံ တယောက်က” ရွာမှာက ပြည်သူ့စစ်အဖွဲ့ရှိတယ် ၊ အင်အားက သုံးလေးဆယ်လောက်ရှိတယ် ၊ ဒီမနက်ပိုင်းမှာ PDF တွေက လူအင်အား အများအပြားနဲ့ ပြည်သူ့စစ်တွေကို လာတိုက်တယ် ၊ အဲ့ဒီအချိန်မှာ ရွာကလူတွေ ထွက်ပြေးရတယ် ၊ အခုထိ ရွာထဲကို ပြန်မဝင်နိုင်သေးဘူး ၊ အသတ်ခံရတာက ကလေး / လူကြီး ၂၀ ကျော်လောက်ရှိမယ် ၊…

Read More

ဗြိတိန်တက္ကသိုလ် ၁၀ ခုမှာ အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွား

လန်ဒန်၊ မေ-၉-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်တက္ကသိုလ်တွေမှာ ဆက်လက်ဖြစ်ပွားချိန်မှာပဲ ဗြိတိန်နိုင်ငံတဝန်းရှိ တက္ကသိုလ် ၁၀ ခုမှာလည်း အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ ဆန္ဒပြမှုတွေအတွင်း လူအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကိန်းဘရစ်ချ်တက္ကသိုလ်မှ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ ယာယီတဲအလုံး ၅၀ နီးပါးနဲ့ စခန်းချ ဆန္ဒပြနေကြပါတယ်။ အစ္စရေးကို လက်နက်ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ တက္ကသိုလ်များအကြား ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့နဲ့ အဲဒီလုပ်ငန်းတွေက ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို လက်မခံသင့်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ တောင်းဆိုချက်တွေကို လိုက်လျောတဲ့ထိ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေကပြောပါတယ်။ ပညာရေးဆိုင်ရာတက္ကသိုလ်တွေမှာ အခုလို ဘာသာ ကိုးကွယ်ယုံကြည်မှုနဲ့ဆက်နွယ်တဲ့ ဆန့်ကျင်မှုတွေ မြင့်တက်နေတာဟာ ခက်ခံဖွယ်မရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က အစိုးရအဖွ့ဲအစည်းအဝေးမှာ ပြောပါတယ်။ လက်ခံနိုင်ဖွယ်ရှိတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး…

Read More
VOM News

FREE
VIEW