ဗလမင်းထင်တံတား အနီးက မိုင်းနား စုပေါင်းဂိတ်ကို KIA နဲ့ ပူးပေါင်းအဖွဲ့ လာရောက်ပစ်ခတ်



မေ ၉၊ ၂၀၂၄
Shy V (VOM)

ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကြား ဗလမင်းထင်တံနား အနီးက မိုင်းနားစုပေါင်းဂိတ်ကို မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲကျော်ခန့်က KIA နဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာက ဗလမင်းထင် တံတားနားက စုပေါင်းဂိတ် လာပစ်တာ။ မီးလည်းလောင်တယ်။ လမ်းတော့ ပိတ်ထား လိုက်ပြီ” လို့ ဒေသခံ လူငယ်တယောက်က ပြောပါတယ်။

လူတွေ ဖြတ်သန်းသွားလာနေချိန် ရုတ်တရက် လာပစ်တာဖြစ်လို့ လမ်း ပေါ်က လူတွေလည်း ဖရိုဖရဲ ထွက်ပြေးနေကြတယ်လို့ သူက ပြောပါတယ်။

“ပြည်သူတွေ ဒီလောက် ဖြတ်သန်းသွားလာနေချိန်မှာ ရုတ်တရက် လာပစ်တယ်ဆိုတော့ သူတို့လည်း ဘာမှ လုပ်လို့ မရတော့ဘူးလေ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ပြည်သူတွေတော့ ထိခိုက်တာ မကြားပေမယ့် ရဲမှူးနဲ့ ဂိတ်ထဲက လူတွေ ၅ ေယာက်လောက် ထိခိုက် ကျဆုံးမှု ရှိကာ ဂိတ်တဲတွေကိုလည်း မီးရှို့သွားတယ်လို့ သူက ပြောပါတယ်။

“ဂိတ်ကလူ တော်တော် ထိသွားတယ် ထင်တယ်။ အဲဒီက အလောင်းတွေ၊ သွေးတွေ ဆေးကြော၊ မီးတွေ ငြှိမ်းသတ်ပြီးမှ သွားခိုင်းမှာ ပြောတယ်။ မီးသတ်ကားက ခုမှ လာတာ။ ပြည်သူတွေကို မဖြတ်ခိုင်းသေးဘူးတဲ့။ အဲဒါတွေ ရှင်းပြီးမှ ဖြတ်ခိုင်းမှာတဲ့။” လို့ သူက ရှင်းပြပါတယ်။

လမ်းသွားလမ်းလာ ပြည်သူ အများအပြား လမ်းမှာ သောင်တင်နေကြတယ်လို့ ဆိုပါတယ်။

KIA နဲ့ ပူးပေါင်း အဖွဲ့တွေဟာ မေလ ၅ ရက်ကစ ကနေ့ မေလ ၉ ရက်နေ့အထိ နေ့တိုင်းနီးပါး ဝိုင်းမော်မြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို လာရောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW