ကွတ်ခိုင် မိုင်းယရွာမှာ လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲလို့ ကလေး နှစ်ယောက်သေဆုံး၊ သုံးယောက် ဒဏ်ရာရ



မေ ၉၊ ၂၀၂၄
Shy V (VOM)

ကွတ်ခိုင်မြို့နယ်၊ မိုင်းယရွာမှာ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကလေးတွေ လက်နက်ကြီးကျည် ကောက်ဆော့ရာ ပေါက်ကွဲလို့ ကလေး နှစ် ယောက်သေဆုံးသွားပြီး သုံးယောက် ထိခိုက် ဒဏ်ရာရသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“‌တနေ့ည မေလ ၇ ရက်နေ့က မိုင်းယက ကလေး ငါးယောက် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ကောက်ဆော့တာ။ အဲမှ ပေါက်ကွဲလာလို့ နှစ် ယောက်က ‌ဆုံးသွားတယ်။ကြေမွှ သွားတာပဲ။ သုံး​ယောက်က ထိခိုက် ဒဏ်ဂာရ သွားတယ်။သူတို့ ည သန်းခေါင်မှ ဆေးရုံ ရောက်လာကြတာ။ အခု ကွတ်ခိုင်ဆေးရုံမှာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့နေရာ ဒေသက ကလေးမိဘတွေ အနေနဲ့ ကလေးတွေကို စစ်ကျန်နက်နက်တွေနဲ့ ပတ်သက်ပြီး ပြောပြထားသင့် သလို အမြဲ သတိပေးနေသင့်တယ်လို့ ဒေသခံ အမျိုးသမီး တ​ယောက်က လည်း ပြောပါတယ်။

ဒါအပြင် မေလ ၆ ရက်နေ့ နေ့လယ်ကလည်း သိန္နီမြို့က တိုက်ပွဲ အတွင်း လက်နက်ကြီးကြောင့် ဘုရားကျောင်းဝင်းရှိ နေအိမ်တစ်အိမ် ရှင်းလင်းရာက စစ်ကျန် လက်နက်ကျည် လွှင့်ပစ်ရာက ပေါက်ကွဲလာပြီး လူငယ် တယောက် သေဆုံးကာ တယောက် ထိခိုက် ဒဏ်ရာရတယ်လို ဒေသခံ တ​ယောက်က ပြောပါတယ်။

“ကျည်က ပြတ် နေတော့ မပေါက်တော့ဘူး ထင်တာဖြစ်မယ်။ တယောက်က သန့်ရှင်းရေးလုပ်နေရင်း ကောက်ပစ်လိုက်တာ။ ဟိုတယောက်က သူနဲ့ နီးလာတော့ ကြောက်လို့ ခံကာပြီး ရိုက်ထုတ် လိုက်တာမှာ ပေါက်ကွဲ သွားတာမှာ ထိကုန်တာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း သိန္နီမြို့ကနေ လားရှိုးဘက်အထွက်က ကောင်းဟော်ရွာမှာ ၈ နှစ် အရွယ် နဲ့ ၁၃ နှစ် အရွယ် ကလေး နှစ်​ယောက် မိုင်းနင်းမိပြီး ခြေထောက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲနိုင်တဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေ၊ မိုင်းတွေ နဲ့ ပတ်သက်ပြီး အသိပေး ပညာ မျှဝေး ပြောပြ‌ပေးဖို့ လိုအပ်နေကြောင်း ‌ဒေသခံတွေက ပြောပါတယ်။

မတ်လ ကနေ အခု မေလ အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ မန်တုံ၊ နမ့်ဆန် စတဲ့ မြို့နယ်တွေမှာ စစ်ကျန် လက်နက် ပစ္စည်းတွေ ပေါက်ကွဲလို့ ဒေသခံ အရပ်သား ၇ ယောက်ခန့် သေဆုံးပြီး အယောက် ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေရဲ့ ပြောပြချက်နဲ့ ‌ဒေသ အခြေစိုက် သတင်းဌာန ‌‌​​တွေရဲ့ သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW