မြင်းခြံနယ်မှာ ပြည်သူ့စစ်ရွာ တိုက်ခိုက်ခံရပြီး လူ ၂၀ ကျော်သေဆုံး



မေ ၊ ၉ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ဖက်ပင်အိုင်ကျေးကွာအုပ်စု ၊ ဆုံရွာမှာရှိတဲ့ ပြည်သူ့စစ်တွေကို ဒီမနက်အစောပိုင်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ ကလေး / လူကြီး အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ ဆုံရွာဒေသခံ တယောက်က
” ရွာမှာက ပြည်သူ့စစ်အဖွဲ့ရှိတယ် ၊ အင်အားက သုံးလေးဆယ်လောက်ရှိတယ် ၊ ဒီမနက်ပိုင်းမှာ PDF တွေက လူအင်အား အများအပြားနဲ့ ပြည်သူ့စစ်တွေကို လာတိုက်တယ် ၊ အဲ့ဒီအချိန်မှာ ရွာကလူတွေ ထွက်ပြေးရတယ် ၊ အခုထိ ရွာထဲကို ပြန်မဝင်နိုင်သေးဘူး ၊ အသတ်ခံရတာက ကလေး / လူကြီး ၂၀ ကျော်လောက်ရှိမယ် ၊ အရေအတွက်ကတော့ အတိအကျမသိရသေးဘူး ” လို့ ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ စာရင်းအရ ကလေး ၁၅ ယောက်နဲ့ လူကြီး ၁၈ ယောက် စုစုပေါင်း ၃၃ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆုံကျေးရွာရှိ လူနေအိမ် အဆောက်ဦး ၅၀ ထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့ကို VOM ကဆက်သွယ်ပေမယ့် အခုထိတော့ မရသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၇ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလည်တိုက်နယ်မှာရှိတဲ့ မလည်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး PDF အဖွဲ့ဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW