ယူကရိန်းအတွက် ဒေါ်လာ သုံးဘီလီယံကျော် စစ်ရေးအကူအညီ ပြင်သစ်ပေးမယ်

 

ပါရီ၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄

မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံဟာ ယူကရိန်းအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ စစ်ရေးအကူအညီပေးရေး အပါအဝင် ကာလရှည်လုံခြုံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ထိပ်သီးဆွေးနွေးပြီးနောက် အခုလို ယူကရိန်းအတွက် စစ်ရေးအကူအညီပေးအပ်ရေးကို နှစ်ဘက်အကြား သဘောတူလိုက်ကြတာဖြစ်ပါတယ်။

နှစ်ဘက်သဘောတူညီချက်အရ ပြင်သစ်ဟာ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးနဲ့ စွမ်းဆောင်ရည် တိုးမြှင့်ဖို့နဲ့ စစ်သည်တွေကို လေ့ကျင့်ပေးရေးအပါအဝင် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးမှုကနေ နှစ်နိုင်ငံကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းထိ ပြင်သစ်ရဲ့ ရေရှည်ကတိကဝတ်တွေကို ပြင်သစ်သမ္မတက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။

လာမယ့်မတ်လမှာ ယူကရိန်းကိုသွားရောက်မယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ဆိုပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ဇူလိုင်လက ကျင်းပခဲ့တဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးမှာချမှတ်ခဲ့တဲ့ ပူးတွဲကြေညာချက်အပေါ် အခြေခံပြီး ယူကရိန်းဟာ လုံခြုံရေးသဘောတူညီချက်တွေ ပြုလုပ်နေပြီး ပြင်သစ်ဟာ ဗြိတိန်နဲ့ ဂျာမနီတို့ပြီးရင် ယူကရိန်းနဲ့ သဘောတူညီချက်ရရှိခဲ့တဲ့ တတိယမြောက်နိုင်ငံဖြစ်လာပါတယ်။

Ref:NHK

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW