ကောလင်းနဲ့ ဟုမ္မလင်းနယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကောလင်းနယ်က တိုက်ပွဲရှောင်တွေ ဝမ်းရောဂါဖြစ်နေ

  ဖေဖော်ဝါရီ ၊ ၁၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ကောလင်းမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တွေဘက်မှာ နစက လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင်လာတာကြောင့် ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကောလင်းမြို့နယ် ဒေသခံ တယောက်က ” ကောလင်းမြို့ပေါ် နေရာတချို့နဲ့ မင်းတဲရွာဘက်အခြမ်းမှာ ထိတွေ့တိုက်ပွဲတွေ မနေ့ညကထိ ဖြစ်နေတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ အဆောက်ဦး တချို့ ပျက်စီးတယ် ၊ နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ ​ကောလင်းတနယ်လုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကစလို့ နီးစပ်ရာ တောတောင်တွေထဲမှာ တိုက်ပွဲရှောင်နေရတယ် ၊ အခုဆိုရင် တိုက်ပွဲရှောင်ရက်က လဝက်ကျော်လာပြီဖြစ်တယ်…

Read More

ရခိုင်မှာ မအီနဲ့ ကျောက်ဖြူက တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရ ၊ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ မြင့်တက်လာနေ

  ဖေဖော်ဝါရီ ၁၇ – ၂၀၂၄ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်မှာ တောင်ကုတ်မြို့နယ်အပိုင် မအီမြို့အဝင်က တံတားတစင်းနဲ့ ကျောက်ဖြူမြို့နယ်က တံတားတစင်းတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီကျော်မှာ မအီ – ပြင်ဝန်း ဆက်သွယ်ထားတဲ့တံတားကြီး မိုင်းခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ်က ကျောက်ကြီးပေါက် တံတားကတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၃ နာရီဝန်းကျင်မှာ မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “မအီမြို့အဝင်က တံတားက ရန်ကုန်-တောင်ကုတ် ကားလမ်းမမှာ ရှိတဲ့ တံတား။ မအီချောင်းကို ဖြတ်ကူးထားတဲ့ တံတားပါ။ မအီမြို့ချောင်းတဖက်ကမ်း တံတားအစမှာ မအီမြို့မရဲစခန်းလည်းရှိတယ်။ သူက မအီနဲ့ အမ်းကို ဆက်သွယ်ထားတာ။…

Read More

ဆီနီဂေါ သမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ဖွဲ့စည်းပုံနဲ့မညီဘူးလို့ တရားရုံးချုပ် ဆုံးဖြတ်

  ဒက်ကာ၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) ဆီနီဂေါ သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်းတရားရုံးချုပ်ကဆုံးဖြတ်ပြီးနောက် ရွေးကောက်ပွဲကိုတတ်နိုင်သမျှ အမြန်ဆုံးကျင်းပပေးမယ်လို့ ဆီနီဂေါသမ္မတမက်ကီဆေးလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သမ္မတမက်ကီဆေးလ်ဟာ သမ္မတရာထူးနှစ်ကြိမ် ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဒီဇင်ဘာလထိ ရွှေ့ဆိုင်းတဲ့ သမ္မတရဲ့ အမိန့်ကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီက ပယ်ဖျက်ခဲ့ပါတယ်။ ဒီလိုပယ်ဖျက်လိုက်တာကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး လွှတ်တော်က အတည်ပြုခဲ့သောအငြင်းပွားဖွယ်ဥပဒေကြမ်းဟာ လည်းပျက်ပြယ်သွားပြီဖြစ်ပါတယ်။ သမ္မတမက်ကီဆေးလ်က တရားရုံးစီရင်ချက်ကို လိုက်နာမှာဖြစ်ပြီးရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ အနောက်အာဖရိကမှာ ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ဆီနီဂေါနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပြန်လည်ထူထောင်ဖို့ နည်းလမ်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။ Ref:BBC Photo:AFP  

Read More

ယူကရိန်းအတွက် ဒေါ်လာ သုံးဘီလီယံကျော် စစ်ရေးအကူအညီ ပြင်သစ်ပေးမယ်

  ပါရီ၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံဟာ ယူကရိန်းအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ စစ်ရေးအကူအညီပေးရေး အပါအဝင် ကာလရှည်လုံခြုံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ထိပ်သီးဆွေးနွေးပြီးနောက် အခုလို ယူကရိန်းအတွက် စစ်ရေးအကူအညီပေးအပ်ရေးကို နှစ်ဘက်အကြား သဘောတူလိုက်ကြတာဖြစ်ပါတယ်။ နှစ်ဘက်သဘောတူညီချက်အရ ပြင်သစ်ဟာ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးနဲ့ စွမ်းဆောင်ရည် တိုးမြှင့်ဖို့နဲ့ စစ်သည်တွေကို လေ့ကျင့်ပေးရေးအပါအဝင် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးမှုကနေ နှစ်နိုင်ငံကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းထိ ပြင်သစ်ရဲ့ ရေရှည်ကတိကဝတ်တွေကို ပြင်သစ်သမ္မတက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။ လာမယ့်မတ်လမှာ ယူကရိန်းကိုသွားရောက်မယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ဆိုပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ဇူလိုင်လက ကျင်းပခဲ့တဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၅၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၅ ကျပ် ဝယ်ဈေး – ၂၅၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အလုပ်အကိုင်ရှားပါးမှု ဆိုးရွားနေဆဲ မြန်မာပြည်

  ဖေဖော်ဝါရီ-၁၇-၂၀၂၄ SN (VOM) မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲတွေကြောင့် စိန်ခေါ်မှု အခက်အခဲပေါင်း များစွာကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှစတင်တဲ့ စီးပွားရေးကျဆင်းလာမှုနဲ့ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို နိုင်ငံတဝန်း တွေ့ကြုံခံစားနေကြရတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းမှ ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ စက်ရုံတွေ ပိတ်သိမ်းသွားခြင်းနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာကာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာခဲ့ပါတယ်။ အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာပြည်သူလူထုဟာ လက်ရှိမှာ ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ ကုန်ဈေးနှုန်းတွေကို ကြီးမြင့်လာစေပါတယ်။ ဒါက အိမ်ထောင်စုတွေရဲ့ ဝယ်ယူနိုင်စွမ်းကို နှေးကွေးသွားစေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အရေးကြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ အထူးသဖြင့် ဆန်နဲ့…

Read More

ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီ ထောင်ထဲမှာ သေဆုံးသွားပြီလို့ အာဏာပိုင်တွေ ထုတ်ပြန်

မော်စကို၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) ထောင်ချခံထားရတဲ့ ရုရှားအတိုက်အခံခေါင်ဆောင် နာဗယ်နီဟာ ထောင်ထဲမှာ သေဆုံးသွားပြီလို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ အတိုက်အခံခေါင်ဆောင် နာဗယ်နီကို အာတိတ်ဒေသရှိ အကျဉ်းထောင်တခုကို မကြာသေးမီက ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူဟာလမ်းလျှောက်ပြီးနောက် သတိလစ်သွားတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားအစိုးရကို ဆက်တိုက်ဝေဖန်ပြောဆိုခဲ့တဲ့ နာဗယ်နီကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပြီး ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုမှာ စစ်ဆန့်ကျင်ရေးအတွက် ရုရှားပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ နာဗယ်နီသေဆုံးရတဲ့ အကြောင်းရင်းကို ဆရာဝန်တွေက စုံးစမ်းစစ်ဆေးနေပြီး ဖော်ထုတ်နိုင်မယ်လို့ ယူဆရကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။ အနောက်အုပ်စုနိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက နာဗယ်နီ ပြန်လည်လွတ်မြောက်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး အခုလိုသေဆုံးမှုကြောင့် ရုရှားအစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ Ref:NHK Photo:AP

Read More

This Day in History

Voice of Myanmar ဂမ်ဘီယာနိုင်ငံသည် ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး အာဖရိကရှိ အသေးဆုံးသော အချုပ်အခြာအာဏာပိုင်နိုင်ငံနှင့် ဗြိတိန်ထံမှ နောက်ဆုံးလွတ်လပ်ရေးရရှိခဲ့သည့် အာဖရိက နိုင်ငံ ဖြစ်လာသည်။

Read More
VOM News

FREE
VIEW