မော်စကို၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄
မျိုးဆက်(VOM)
ထောင်ချခံထားရတဲ့ ရုရှားအတိုက်အခံခေါင်ဆောင် နာဗယ်နီဟာ ထောင်ထဲမှာ သေဆုံးသွားပြီလို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
အတိုက်အခံခေါင်ဆောင် နာဗယ်နီကို အာတိတ်ဒေသရှိ အကျဉ်းထောင်တခုကို မကြာသေးမီက ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူဟာလမ်းလျှောက်ပြီးနောက် သတိလစ်သွားတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားအစိုးရကို ဆက်တိုက်ဝေဖန်ပြောဆိုခဲ့တဲ့ နာဗယ်နီကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပြီး ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုမှာ စစ်ဆန့်ကျင်ရေးအတွက် ရုရှားပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။
နာဗယ်နီသေဆုံးရတဲ့ အကြောင်းရင်းကို ဆရာဝန်တွေက စုံးစမ်းစစ်ဆေးနေပြီး ဖော်ထုတ်နိုင်မယ်လို့ ယူဆရကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။
အနောက်အုပ်စုနိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက နာဗယ်နီ ပြန်လည်လွတ်မြောက်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး အခုလိုသေဆုံးမှုကြောင့် ရုရှားအစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Ref:NHK
Photo:AP