တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓါးစာခံအားလုံးကို ဟားမတ်စ်အဖွဲ့က မတ်လ ၁၀ ရက်မတိုင်ခင် ပြန်လွှတ်မပေးပါက ရာဖာမှာ အစ္စရေးရဲ့ ထိုးစစ်ကို စတင်တော့မှာဖြစ်ကြောင်း အစ္စရေး စစ်ပွဲဆိုင်ရာဝန်ကြီးတဦး ဖြစ်တဲ့ ဘန်နီဂန့်ဇ် သတိပေးပြောဆိုလိုက်ပါတယ်။
“ အစ္စရေးဓါးစာခံတွေကို ရမ်ဇာန်လမှာ ပြန်လည်လွတ်မြောက်ခြင်းမရှိဘူးဆိုရင် ဂါဇာကနေရာတိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေမှာဖြစ်ပြီး ရာဖာမြို့လည်း ပါဝင်လာမှာပါ။ ဒါကို ဟားမတ်စ်ခေါင်းဆောင်တွေရော ကမ္ဘာကရော သိရမယ်” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဘန်နီဂန့်ဇ်က ဆိုပါတယ်။
ဒါဟာ ဂါဇာတောင်ပိုင်းရှိ လူဦးရေထူထပ်တဲ့ ရာဖာမြို့ကို ဝင်ရောက်ထိုးစစ်ဆင်မယ့် ကိစ္စကို အစ္စရေးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပြီး ပါလက်စတိုင်း ၁ ဒသမ ၅ သန်းခိုလှုံနေကြာတဲ့ ရာဖာမြို့ကို အစ္စရေးက တိုက်ခိုက်မယ့်အစီအစဉ်အပေါ် ကမ္ဘာ့နိုင်ငံတွေက ကန့်ကွက်မှုတွေလည်း ကြီးထွားလာနေပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ရာဖာမြို့မြောက်ဘက် ခန်းယွန်နစ်မြို့ရှိ အဓိကဆေးရုံတရုံရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားပြီဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အစ္စရေးတပ်တွေဟာ အဲဒီဆေးရုံထဲကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်ရောက်စီးနှင်းပြီး ဟားမတ်စ်အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အစ္စရေးထောက်လှမ်းရေးအဖွဲ့ကပြောပါတယ်။ ဟားမတ်စ်တွေဟာ အကြမ်းဖက်မှုတွေလုပ်ဖို့ ဆေးရုံတွေမှာ ခိုလှုံနေတယ်လို့ အစ္စရေးဘက်က စွပ်စွဲပြောဆိုထားပါတယ်။
Ref:BBC
Photo: AFP