ယူကရိန်းမှာ လက်နက်ခဲယမ်း ပြတ်လပ်နေပြီလို့ သမ္မတဇီလန်စကီးပြော

  ကိယက်ဗ်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ဥရောပမှာ ကပ်ဘေးလို ဖြစ်ရပ်ဆိုးတွေကို ရှောင်ရှားဖို့အတွက် ယူကရိန်းအတွက် လက်နက်တွေ ပိုမိုရရှိဖို့ အရေးကြီးတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဂျာမနီမှာကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ ယူကရိန်းမှာ လက်နက်တွေပြတ်လပ်နေပြိး လက်နက်လိုအပ်ချက်ဟာ ရုရှားအတွက်သာ အထောက်အကူဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အမေရိကန်ကွန်ဂရက်မှာ သမ္မတဟောင်းဒေါ်နယ်ထရန့်ထောက်ခံသူတွေက ယူကရိန်းအတွက် အထောက်အပံ့တွေကို ကန့်ကွက်နေတာကြောင့် ယူကရိန်းဟာ လက်နက်ခဲယမ်းပြတ်တောက်နေလို့ သူကဆိုပါတယ်။ “မစ္စတာထရန့် ယူကရိန်းကိုလာမယ်ဆိုရင် တကယ့်စစ်ပွဲဆိုတာ အင်စတာဂရမ်မှာလိုမဟုတ်ဘဲ ဘာကိုဆိုလိုလည်းဆိုတာပြဖို့ သူနဲ့အတူ ရှေ့တန်းကိုသွားရောက်ဖို့ အသင့်ရှိပါတယ်” လို့ ယူကရိန်းသမ္မတ က ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာဘီလီယံ ၆၀ ပေးဖို့ အာမခံထားပါတယ်။ ဒီကိစ္စအပေါ် ကွန်ဂရက်မှာ နောက်ဆုံးမဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပေမယ့် အတည်ပြုနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျိုးဘိုင်ဒင်ကဆိုပါတယ်။ ရုရှားဟာ ယူကရိန်းအရှေ့ပိုင်း…

Read More

 ကရင်ဇာတ်အဖွဲ့ကား ဘရိတ်ပေါက်ပြီး ချောက်ထဲကျ ၊တယောက်သေပြီး ဒဏ်ရာရသူခြောက်ယောက် အခြေအနေစိုးရိမ်ရ

  ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ – ၂၀၂၄ GG (VOM ) ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းမှာ ဒီကနေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက ကရင်ဇာတ်အဖွဲ့သားတွေလိုက်ပါလာတဲ့ ဇာတ်သဘင်ကား ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပြီး တယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဇာတ်သဘင်ကားဟာ ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ကျရာကနေ အနက်ပေ ၂၅ ပေလောက်ရှိတဲ့ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မနက် ၁၀ နာရီခွဲလောက်မှာဖြစ်တယ်။ကားကဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ကျပြီးမှောက်တာ၊ မှောက်တဲ့အထဲသေဆုံးသူ တယောက်ကနေရာမှာပဲဆုံးတာ၊ခေါင်းပြားသွား တယ်။ကားပေါ်ပါတာ အကုန်လုံး ဆို ၁၁ ယောက်ပါ၊ စိုးရိမ်ရတဲ့ ခြောက်ယောက်ထဲကမှ တယောက်ကပိုအခြေအနေဆိုးတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့မှ တာဝန်ရှိသူတယောက်ကပြောပြပါတယ်။ ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသူက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရရှိသူတွေထဲမှာလည်း ခြောက်ယောက်က…

Read More

ဓါးစာခံတွေ ပြန်လွှတ်မပေးရင် ဂါဇာရှိ ရာဖာမြို့ကို ထိုးစစ်ဆင်တော့မယ်လို့ အစ္စရေး သတိပေး

  တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓါးစာခံအားလုံးကို ဟားမတ်စ်အဖွဲ့က မတ်လ ၁၀ ရက်မတိုင်ခင် ပြန်လွှတ်မပေးပါက ရာဖာမှာ အစ္စရေးရဲ့ ထိုးစစ်ကို စတင်တော့မှာဖြစ်ကြောင်း အစ္စရေး စစ်ပွဲဆိုင်ရာဝန်ကြီးတဦး ဖြစ်တဲ့ ဘန်နီဂန့်ဇ် သတိပေးပြောဆိုလိုက်ပါတယ်။ “ အစ္စရေးဓါးစာခံတွေကို ရမ်ဇာန်လမှာ ပြန်လည်လွတ်မြောက်ခြင်းမရှိဘူးဆိုရင် ဂါဇာကနေရာတိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေမှာဖြစ်ပြီး ရာဖာမြို့လည်း ပါဝင်လာမှာပါ။ ဒါကို ဟားမတ်စ်ခေါင်းဆောင်တွေရော ကမ္ဘာကရော သိရမယ်” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဘန်နီဂန့်ဇ်က ဆိုပါတယ်။ ဒါဟာ ဂါဇာတောင်ပိုင်းရှိ လူဦးရေထူထပ်တဲ့ ရာဖာမြို့ကို ဝင်ရောက်ထိုးစစ်ဆင်မယ့် ကိစ္စကို အစ္စရေးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပြီး ပါလက်စတိုင်း ၁ ဒသမ ၅ သန်းခိုလှုံနေကြာတဲ့ ရာဖာမြို့ကို အစ္စရေးက တိုက်ခိုက်မယ့်အစီအစဉ်အပေါ် ကမ္ဘာ့နိုင်ငံတွေက ကန့်ကွက်မှုတွေလည်း ကြီးထွားလာနေပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ရာဖာမြို့မြောက်ဘက် ခန်းယွန်နစ်မြို့ရှိ…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံးကိုးမြို့က စစ်ရှောင်ပြည်သူတွေကို MNDAA တပ်ဖွဲ့က အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာကြောင့် အခက်ကြုံ

  ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့ နယ်စပ်မြို့က မုံးပေါ် ပြည်သူ့စစ် တွေရဲ့ ခြံဝန်းမှာခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို MNDAA တပ်ဖွဲ့က ရုံး ပြန်လုပ်ဖို့ ဆိုပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အရင်နေခဲ့တဲ့ ရွာက ပြန်နေဖို့ အဆင်မပြေတော့ဘူး။ အဲဒါကြောင့် ရွာဘက်မပြန်ကြပဲ မြို့ အနီးနားမှာ နေရာတောင်းဝယ်ပြီး ရွာသစ်တည်လိုက်တာ။ နေအိမ်တွေက ဆောက်နေတာ မပြီးသေးဘူး။ တိုက်ပွဲ ထပ်မဖြစ်ရင်တော့ ၂၀၂၃ ဒီဇင်ဘာမှာ အပြီးဆောက်ဖို့ လုပ်နေတာ။ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုက်ပွဲ ပြန်ထပ်ဖြစ်လာတော့ ဆက်ဆောက်လို့ မရတော့ပဲ ခုလို ကြန့်ကြာသွားတာ။ အခုလည်းပဲ တလ ကျော်လောက်ဆိုရင် ပြီးဖို့…

Read More

အမြန်လမ်းမှာ ခရီးသည်တင်ကားကို ကုန်တင်ကားက နောက်ကဝင်တိုက်လို့ နှစ်ယောက် ပွဲချင်းပြီးသေဆုံး

  ဖေဖော်ဝါရီ ၁၉ – ၂၀၂၄ SN (VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ခရီးသည်တင် Express ကားကို ကုန်တင်ကားက နောက်ကဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ဟာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁ မိုင် ၃ ဖာလုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကုန်တင်ကားပေါ်က အသက် ၅၄ နှစ်နဲ့ ၄၃ နှစ်အရွယ် အမျိုးသားနှစ်ယောက် အခင်းဖြစ် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “လမ်းဘေးမှာ Express က ဆီပြတ်ပြီးတော့ ရပ်ထားတာ၊ ခရီးသည်မပါဘူး။ အဲ့ဒီ့မှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၇၀ ကျပ် ဝယ်ဈေး – ၃၅၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၀ ကျပ် ဝယ်ဈေး – ၂၅၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၄ ကျပ် ဝယ်ဈေး – ၄၈၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

 ရွှေဘိုနယ်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲမှာ ဝင်ခဲ့တဲ့ ဦးဆောင်ဆရာတော်တပါး ဖမ်းဆီးသတ်ဖြတ်ခံရ

  ဖေဖော်ဝါရီ ၊ ၁၉ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ တဂဏန်းကျေးရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ၊ ညနေ ပိုင်း ၄ နာရီဝန်းကျင်က ရွှေဘိုမြို့နယ် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဘုန်းကြီးတပါးကို အရပ်ဝတ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမား တယောက်က ” ဖမ်းဆီးသတ်ဖြတ်ခံရသူက ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅…

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးအဆင့် နေ့ရက်များတွင် ဂျပန်တို့ထံမှ မဟာဗျူဟာမြောက်အရေးပါသော အိုင်ဝိုဂျီးမားကျွန်းကို ထိန်းချုပ်နိင်ရန်အတွက် အမေရိကန်မရိန်းတပ်သားများသည် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် အဆိုပါကျွန်းကို စတင်တိုက်ခိုက်ခဲ့သည်။

Read More

ပါပူအာနယူးဂီနီမှာ လူမျိုးစုအငြင်းပွားမှုကြောင့် လူ ၅၀ ကျော် ပစ်သတ်ခံရ

  ပို့မိုရက်ဘီ၊ ဖေဖော်ဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ပါပူအာနယူးရီနီနိုင်ငံ ဝေးလံခေါင်သီတဲ့ ဒေသတခုမှာ ဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအတွင်း လူ ၅၃ ယောက်ထက်မနည်း သေဆုံးသွားကြော်င်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်ဟာ အန်ဂါပြည်ယန်မှာ သီတင်းပတ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လူမျိုးစုအငြင်းပွားမှု တခုအတွင်း သေဆုံးသူတွေဟာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီဒေသဟာ အကြမ်းဖက်မှုတွေနဲ့ ကာလရှည်ကြာ ရုန်းကန်နေရတာဖြစ်ပြီး ယခုသတ်ဖြတ်မှုဟာ နှစ်များစွာအတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော် ပို့မိုရက်ဘီအနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ အကွာ ဝီဘတ်မြို့အနီးမှာ ရဲတပ်ဖွဲ့က အလောင်းတွေကို ဆက်လက်ရှာဖွေနေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ အန်ဂါပြည်နယ်မှာ မြေယာနဲ့ ပိုင်ဆိုင်မှု အငြင်းပွားမှုတွေကြောင့် မကြာခဏဆိုသလို လူမျိုးစုပဋပက္ခတွေ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်း ပြည်နယ်တွင်းမှာ ခရီးသွားကန့်သတ်မှုနဲ့ ညမထွက်ရအမိန့်ကို သုံးလကြာ ထုတ်ပြန်ခဲ့ရပါတယ်။…

Read More
VOM News

FREE
VIEW