ယူကရိန်းမှာ လက်နက်ခဲယမ်း ပြတ်လပ်နေပြီလို့ သမ္မတဇီလန်စကီးပြော

 

ကိယက်ဗ်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၄

မျိုးဆက်(VOM)

ဥရောပမှာ ကပ်ဘေးလို ဖြစ်ရပ်ဆိုးတွေကို ရှောင်ရှားဖို့အတွက် ယူကရိန်းအတွက် လက်နက်တွေ ပိုမိုရရှိဖို့ အရေးကြီးတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဂျာမနီမှာကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာ ပြောဆိုလိုက်ပါတယ်။

ယူကရိန်းမှာ လက်နက်တွေပြတ်လပ်နေပြိး လက်နက်လိုအပ်ချက်ဟာ ရုရှားအတွက်သာ အထောက်အကူဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အမေရိကန်ကွန်ဂရက်မှာ သမ္မတဟောင်းဒေါ်နယ်ထရန့်ထောက်ခံသူတွေက ယူကရိန်းအတွက် အထောက်အပံ့တွေကို ကန့်ကွက်နေတာကြောင့် ယူကရိန်းဟာ လက်နက်ခဲယမ်းပြတ်တောက်နေလို့ သူကဆိုပါတယ်။

“မစ္စတာထရန့် ယူကရိန်းကိုလာမယ်ဆိုရင် တကယ့်စစ်ပွဲဆိုတာ အင်စတာဂရမ်မှာလိုမဟုတ်ဘဲ ဘာကိုဆိုလိုလည်းဆိုတာပြဖို့ သူနဲ့အတူ ရှေ့တန်းကိုသွားရောက်ဖို့ အသင့်ရှိပါတယ်” လို့ ယူကရိန်းသမ္မတ က ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာဘီလီယံ ၆၀ ပေးဖို့ အာမခံထားပါတယ်။ ဒီကိစ္စအပေါ် ကွန်ဂရက်မှာ နောက်ဆုံးမဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပေမယ့် အတည်ပြုနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျိုးဘိုင်ဒင်ကဆိုပါတယ်။

ရုရှားဟာ ယူကရိန်းအရှေ့ပိုင်း အက်ဗ်ဒီကာမြို့ကို နှစ်ဘက်အကြား လအတန်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အပြည့်အဝထိန်းချုပ်ထားလိုက်ပါတယ်။ ဒီမြို့ဟာ ဒေသမြို့တော် ဒွန်နက်ခ်အနီးမှာရှိပြီး ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားတပ်တွေရဲ့ သိသာထင်ရှားတဲ့ အသာစီးရယူမှုလည်းဖြစ်ပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW