ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄
မျိုးဆက်(VOM)
သိပ္ပံပညာရှင်တွေဟာ ထရိုင်ရာစစ်ခေတ်က ၁၆ ပေအရှည်ရှိ နဂါးလို့ ယူဆရတဲ့ ရေနေတွားသွားသတ္တဝါ တကောင်ရဲ့ အကောင်းအတိုင်းရှိနေသေးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့တဲ့ သတ္တဝါဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၀ ကဖြစ်ပြီး လည်ပင်းအလွန်ရှည်လျားတာကြောင့် နဂါးတကောင်လို အသွင်မျိုးဖြစ်ကာ တရုတ်နိုင်ငံတောင်ပိုင်းရှိ ထုံးကျောက်လှိုဏ်ဂူတွေထဲက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီမျိုးစိတ်ဟာ ၂၀၀၃ ခုနှစ်မှာ စတင်ဖော်ထုတ် တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆယ်ဖယ်လိုဆောရပ်စ် မူလမျိုးစိတ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပြီး သမိုင်းမတင်ခင်ခေတ်က ထူးဆန်းတဲ့သတ္တဝါတကောင်ရဲ့ ခန္ဓာဗေဒဖွဲ့စည်းမှုကို အပြည့်အစုံဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ ဒါဟာ သိပ္ပံပညာရှင်တွေအတွက် ပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်ပြီး ဒါဟာ အရမ်းထူးဆန်းတဲ့ သတ္တဝါတကောင်ဖြစ်တယ်” လို့ ကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့မှာပါဝင်သူ စကော့တလန် အမျိုးသားပြတိုက်က ဒေါက်တာ နစ်ခ်ဖရာဆာက ပြောပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းမှာ ခြေလက်တွေပါဝင်ပြီး လည်ပင်းဟာ အမြှီးနဲ့ ကိုယ်လုံးထက် ပိုမိုရှည်လျားပြီး ရှည်လျားကွေးညွှတ်နိုင်တာကြောင့် ရေအောက်မှာ အစာရှာဖို့နဲ့ အမဲလိုက်ဖို့ စွမ်းဆောင်နိုင်တယ်လို့ သူက ပြောပါတယ်။
Ref: BBC
Photo: National Museums Scotland