ဖေဖော်ဝါရီ ၁၄ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Esperado ဟိုတယ်ပိုင်ရှင်ရဲ့ဇနီး သေဆုံးမှုနဲ့ပတ်သက်ပြီး သံသယရှိသူအဖြစ် အလုပ်ထုတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်ရှိ Esperado Hotel ရဲ့ သုံးလွှာကအခန်းမှာ မနေ့ဖေဖော်ဝါရီ ၁၃ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က ဟိုတယ်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူ အသတ်ခံရတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသတ်ခံရသူဟာ အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီဖြစ်ပြီး ကျောပြင်မှာ ဓားဒဏ်ရာ ငါးချက်အပါအဝင် လည်ပင်း ပွန်းခြစ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သားဖြစ်သူက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က “CCTV မှတ်တမ်းအရ လွန်ခဲ့တဲ့…
Read MoreMonth: February 2024
ကျောက်ဆည်မြို့နယ်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကြိုဆိုထောက်ခံပွဲက ပြန်လာသူနှစ်ဦး ပစ်ခတ်ခံရလို့ တယောက်သေဆုံး
ဖေဖော်ဝါရီ ၊ ၁၄ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ၊ နေ့ခင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုကြောင်း ဆန္ဒပြပွဲကနေ ပြန်လာတဲ့ လူနှစ်ယောက် လမ်းမှာ ပစ်သတ်ခံရတယ်လို့ တယောက်သေဆုံးသွားကြောင်း ကျောက်ဆည်မြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျောက်ဆည်မြို့ခံတယောက်က ” ပစ်ခံရတဲ့သူတွေကတော့ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေး နဲ့ နောက်ပြီး ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဝင်းကို ၊ ဖြစ်တယ်၊ အဲ့ဒီ နှစ်ယောက်ဟာ ကျောက်ဆည်မြို့ပေါ်မှာ လုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံကြိုဆိုပွဲပါဝင်ပြီး အုတ်ဖိုရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်အလာ လမ်းမှာ အမည်မသိ (စုံစမ်းဆဲ)…
Read Moreညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အကောက်ခွန် နှုန်းထားတွေကြောင့် ပြည်သူတွေခက်ခဲ
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄ Shy V(VOM) ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အကောက်ခွန် နှုန်းထားတွေကို သတ်မှတ် ဖော်ပြထားတဲ့ စာရွက် ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့ ထွက်ပေါ်လာပါတယ်။ အဲဒီစာရွက်မှာ သွင်းကုန်ကားတွေ အတွက် ဘီးလှိမ့်ခွန်၊ စက်ယန္တရားတွေဖြစ်တဲ့ ကုန်ကားအသစ်တွေ၊ စက်ပစ္စည်း တွေ၊ ကုန်မာတွေဖြစ်တဲ့ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး၊ ကုန်စုံ ပစ္စည်း၊ ကုန်စိမ်း စတဲ့ သွင်းကုန်တွေကို ကားအမျိုးအစား အလိုက် ကောက်ခံမယ့် နှုန်းထားတွေကို အသေးစိတ် ဖော်ပြထားပါတယ်။ ဘီးလှိမ့်ခွန်အနေနဲ့ ၁၈ ပေအောက် ၆ ဘီး ကား တစီးကို ၄၅၀,၀၀၀ ကျပ်၊ ၁၈ ပေ အထက် ၆ ဘီး ကား တစီးကို ၆၀၀,၀၀၀ ကျပ်၊ ၁၂ ဘီးကား…
Read Moreငြိမ်နေတဲ့ မွန်ပြည်သစ်ပါတီအတွင်း လှုပ်ခတ်မှုစတင်လာ
ရန်ကုန်၊ဖေဖော်ဝါရီ ၁၄ – ၂၀၂၄ GG(VOM) အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတာတဲ့ မွန်ပြည်သစ်ပါတီတွင်းမှာ ခုရက်ပိုင်း သဘောထားမတူညီမှုတွေ ထွက်ပေါ်လာပြီး နစကကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းမယ့်ကိစ္စတွေ ထုတ်ပြန်လာတာတွေ့ရပါတယ်။ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ပါတီဝင် ၊မျိုးချစ်ပုဂ္ဂိုလ်တွေက ပါတီအောက်ကနေထွက်ပြီး သီးသန့်အဖွဲ့ ဖွဲ့ကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီရဲ့ ပြောခွင့်ရသူ နိုင်ဗညားလယ် ေပြာပြတာက ” ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ လမ်းသစ်ဖောက်တဲ့သဘောဖြစ်တယ်။ကြေငြာချက်မှာထုတ်ပြန်ထားတဲ့အတိုင်းပဲ ပါတီညီလာခံရဲ့ဆုံးဖြတ်ချက်က နစကနဲ့ နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်အတိုင်းဆက်ပြီးရပ်တည်တဲ့အပေါ်လုံးဝလက်မခံနိုင်ဘူး။ ဒီသဘောထားပေါ်မှာပါတီတခုလုံးလိုက်ပါမဆော င်ရွက်နိုင်လို့ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ လုပ်တဲ့သဘောပါ။ ကျနော်တို့လည်းကြိုတင်အသိပေးထားတာမရှိဘူး။ကျနော်တို့ ယုံကြည်ချက် ရပ်တည်ချက်…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၄ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၈၆ ကျပ် ဝယ်ဈေး – ၂၅၃၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမြန်မာကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ထိုင်းနိုင်ငံပေးအပ်မှု အမေရိကန် ထောက်ခံ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၄ မျိုးဆက် (VOM) မြန်မာဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံကူညီပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်မှုဟာ ဒေသတွင်းအတွက် အရေးပါတဲ့ မဟာဗျူဟာဆိုတာ အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ဟာ လုံခြုံရေး၊ စီးပွားရေးနဲ့ ထိုင်းနဲ့နိုင်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ရောက်ရှိနေပြီး ဘလင်ကင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ “ ဒီတွေ့ဆုံမှုက အရမ်းအောင်မြင်ပါတယ်။ အမေရိကန်ဟာ ဒေသတွင်းမှာ အာဆီယံနဲ့ ထိုင်းနိုင်ငံရဲ့ အရေးပါပုံကို သိရှိနားလည်ထားတယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောပါတယ်။ “ ကျွန်တော်တို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ မစ္စတာဘလင်ကင်ဟာ မြန်မာအတွက် ကူညီမှုတွေပေးဖို့…
Read MoreThis Day in History
Voice of Myanmar အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်သည် တယ်လီဖုန်းနှင့်ပတ်သက်သည့် မူပိုင်ခွင့်ကို ၁၈၇၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မူပိုင်ခွင့်တင်ခဲ့သည်။
Read More၂၀၁၀ နိုဝင်ဘာ ၄ ရက်က ပြဋ္ဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ ဥပဒေ
၂၀၁၀ နိုဝင်ဘာ ၄ ရက်က ပြဋ္ဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ ဥပဒေ
Read Moreပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း
နေပြည်တော် ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၄
Read More