ဆင်ပေါင်ဝဲမြို့နယ် တရားသူကြီး ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ အောင်လံခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ်မှာ မြို့နယ်တရားသူကြီး တာဝန်ထမ်းဆောင်နေသူဟာ ဒီကနေ့ ဖေဖော်ဝါရီ၁၃ရက် မနက်ပိုင်းက ဇာတိရွာကို အလည်ပြန်လာရာကနေ သူ့ရဲ့မိတ်ဆွေရဲ့ နေအိမ်ထဲမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဆင်ပေါင်ဝဲ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဆင်ပေါင်ဝဲ တရားရေး ဝန်ထမ်းတယောက်က ” တရားသူကြီး ဦးထွန်းထွန်းနိုင်က မူဆယ်မြို့ တရားရေး ဌာနကနေ ဆင်ပေါင်ဝဲမြို့နယ်ကို တာဝန်ကျတာ မကြာသေးဖူး ၊ အဲ့ဒါ သူ့ရဲ့ ဇာတိကျေးရွာဖြစ်တဲ့နတ်မောက်မြို့နယ်ထဲက ၊ ကမ်းပြိုရွာသစ်ကျေးရွာကို မိသားစုနဲ့ အမျိုးတွေဆီကို အလည်အပတ်သွားတာ ၊ ဒီမနက် ၁၀ နာရီဝန်းကျင်လောက်က ပစ်သတ်ခံရတယ်လို့ သိရတယ် ၊ ကနဦး သိရတာက ဒေသတွင်း…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တောင်ငူမှာ ခှိုလှုံနေတဲ့ ဇရပ်ကြီးစစ်ရှောင်တွေ အကူအညီတွေ လိုအပ်နေ

  ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၄ GG (VOM) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်သူထဲက ဒေသခံအချို့သာ နေရပ်ပြန်သူရှိပေမယ့်လည်း တောင်ငူမှာ စစ်ရှောင်ထောင်နဲ့ချီပြီး အများအပြားကျန်နေသေးတာကြောင့် အစား့သောက်တွေ လိုအပ်မှုရှိနေဆဲဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။ စစ်ရှောင်ပြည်သူတွေများပြီး စစ်ဘေးရှောင်ရတဲ့ရက်ကြာလာတာနဲ့အမျှ ဇရပ်ကြီးစစ်ရှောင်ပြည်သူတွေအတွက် နေ့စဉ်စားနပ်ရိက္ခာ လိုအပ်ချက်၊သောက်ရေသန့်၊ တစ်ကိုယ်ရေသုံးပစ္စည်း စတဲ့လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ” ထမင်းထုတ်တွေ လိုအပ်လို့ အရေးပေါ်အကူအညီတောင်း ရတာတွေရှိတယ်၊ နေ့တိုင်းဆိုတော့လိုအပ်ချက်ကတော့ရှိနေတာပဲ၊ ခုဆိုရင် စစ်ရှောင်တွေရောက်ကြတာ ၆ ရက်လောက်ရှိပြီ၊ အဓိက စားစရာ ၊ အိပ်ဖို့ ခြင်ထောင် စောင်ပေါ့။ လိုအပ်တာတွေလည်း အလှူရှင်တွေရှိတာနဲ့မရှိတာ အကူညီတွေခံရတာပေါ့။အခု နယ်ပြန့ကျရင်လည်း စောင်ခြင်ထောင်တွေ ပြန်အပ်ခဲ့ဖို့ ပြောထားပါတယ် ၊နောက်လူတွေအတွက်လည်းအဆင်ပြေအောင်ပေါ့ ” လို့ သူကပြောပါတယ်။ ဇရပ်ကြီးမြို့မှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိတော့တာကြောင့်…

Read More

ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပွဲ မန္တလေးနဲ့ ကျောက်ဆည်မှာ တပြိုင်တည်းပြုလုပ်

  ဖေဖော်ဝါရီ ၁၃ -၂၀၂၄ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပွဲဆိုပြီး တပ်မတော်လိုလားသူတွေက ဒီကနေ့မွန်းလွဲပိုင်းမှာ မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်ကနေ စုရပ်လုပ်ပြီး ဟောပြောမယ့် ၇၃ လမ်း မြင်းပြိုင်ကွင်းကို လမ်းလျှောက်သွားနေကြပါတယ်။ အလားတူ ကျောက်ဆည်မြို့မှာလည်း ပြုလုပ်ကြောင်း တပ်မတော်ထောက်ခံသူတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာတွေ့ရပါတယ်။ ဒီလိုထောက်ခံပွဲလုပ်သူတွေရှိပေမယ့် တဖက်မှာတော့ မထောက်ခံသူတွေက နည်းမျိုးစုံနဲ့ ဝေဖန်နေကြတာကို လူမှုကွန်ယက်နဲ့ သတင်းစာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။ ဓါတ်ပုံ -မှိုင်းဝေတယ်လီဂရမ်

Read More

မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဖောက်ခွဲဖို့ အသင့်ထောင်ထားတဲ့ မိုင်း အလုံး ၃၀ ကျော်တွေ့

ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ နတ်ရေကန်ကျေးရွာအနီး မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဖောက်ခွဲဖျက်ဆီးဖို့ အသင့်ထောင်ထားတဲ့ မိုင်းအလုံး ၃၀ ကျော်ကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက်က နစက လုံခြုံရေးအဖွဲ့တွေက ရှင်လင်းဖယ်ခဲ့ရပြီး အဲ့ဒီ ချောင်းဦးမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ နတ်ရေကန်ကျေးရွာနေ ဒေသခံတယောက်က ” မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ လက်လုပ်မိုင်းမျိုးစုံ အလုံး ၃၀ ကျော်ထောင်ထားတယ် ၊ လမ်းရဲ့ လမ်းလယ်မျဉ်းပေါ်မှာ တည့်တည့် ထောင်းထားတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ…

Read More

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နေတိုးအစည်းအဝေး တက်ရောက်မယ့် အစီအစဉ် ဖျက်သိမ်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ လအတန်ကြာအတွင်း တတိယအကြိမ် ဆေးရုံတက်ရမှုကြောင့် နေတိုးအဖွ့ဲ့အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၇၀ အရွယ် မစ္စတာအော်စတင်ဟာ ဝါရှင်တန်ဒီစီဒေသရှိ ဆေးရုံတရုံမှာ အရေးပေါ်ကုသမှုခံယူနေရပြီး သူဟာ ဆီးအိမ်နဲ့ပတ်သက်တဲ့ ရောဂါခံစားနေရကြောင်း ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။ အော်စတင်ဟာ သူ့ရဲ့ တာဝန်တွေကို လက်ထောက်ကာကွယ်ရေးဝန်ကြီးဖြစ်သူကို လွှဲပြောင်းထားပါတယ်။ ဆေးရုံကနေ မြန်မြန်ဆင်းရဖို့ မျှော်လင့်ထားကြောင်းနဲ့ တာဝန်တွေကို များမကြာမီ ပြန်လည်ထမ်းဆောင်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မစ္စတာအော်စတင်ဟာ ဆီးအိမ်ပြသနာကို ဖြေရှင်းဖို့အတွက် အထွေထွေမေ့ဆေးအသုံးပြုပြီး ခွဲစိတ်မှုမဟုတ်တဲ့ ကုသမှုအတွက် ဆေးရုံတက်နေရတယ်လို့ ပင်တဂွန်ကဆိုပါတယ်။ သူဟာ မကြာသေးမီက ဆေးရုံလျှို့ဝှက်တက်ရောက်ခဲ့တဲ့ ပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးသော လူမည်းကာကွယ်ရေးဝန်ကြီးဖြစ်သူ အော်စတင်အနေနဲ့ ဆေးရုံမှာနေထိုင်မယ့် အချိန် သို့မဟုတ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၀ ကျပ် ဝယ်ဈေး – ၂၅၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၉ ကျပ် ဝယ်ဈေး – ၇၃၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြေအောက်ပိတ်မိနေတဲ့ အီသီယိုးပီးယား မိုင်းလုပ်သား ၂၀ ကျော်ကို ကယ်တင်နိုင်ရေး အပူတပြင်း ကြိုးပမ်းနေ

အာဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ ရွာတရွာမှာ မိုင်းလုပ်သား ၂၀ ကျော် ပိတ်မိနေတာကို ကယ်ဆယ်ရေးသမားတွေက အပူအပြင်းရှာဖွေ ကယ်ဆယ်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီလန်တာခရိုင်က မိုင်းတွင်းလုပ်သားတွေဟာ ကျဉ်းမြောင်းတဲ့ လှိုဏ်ဂူတခုပြိုကျပြီး ပိတ်မိနေတာ သုံးရက်ကြာရှိနေပြီး ပိတ်မိနေသူအရေအတွက်ကို တာဝန်ရှိသူတွေက ချက်ချင်းအတည်မပြုနိုင်သေးပါဘူး။ မတ်စောက်တဲ့ နေရာအနေအထားကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။ ဒီဒေသဟာ စက်ယန္တရားကြီးတွေရောက်ရှိဖို့ ခက်ခဲတာကြောင့် အဖိုးတန်တွင်းထွက်ရှာဖွေရေးမှာ လူရာပေါင်းများစွာနဲ့ တူးဖော်လေ့ရှိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လက်ရှိချိန်ထိ ခရီးမရောက်သေးပေမယ့် အသက်ရှင်နေသူတွေကို ရှာဖွေကယ်နိုင်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။ ယခင်မတော်တဆမှုမှာတော့ ခုနှစ်ရက်ကြာပြီးနောက် ပိတ်မိနေသူတယောက်ကို အသက်ရှင်လျက်ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ဘေးကင်းမှုဆိုင်ရာ စည်းမျဉ်းတွေ အားနည်းမှုနဲ့ လိုက်နာမှုမရှိတာတွေကြောင့် အခုလို လုပ်ငန်းခွင်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ Ref:BBC Photo:AP

Read More
VOM News

FREE
VIEW