စဥ့်ကူးနဲ့တောင်သာမှာ တရက်တည်း ရဲတပ်ဖွဲ့ဝင်အပါ လေးယောက် ပစ်ခတ်ခံရပြီး နှစ်ယောက်သေ

 

မန္တလေး ၊မတ် ၂ – ၂၀၂၄

GG (VOM )

မန္တလေးတိုင်းထဲက စဥ့်ကူးမြို့နယ်နဲ့ တောင်သာမြို့နယ်မှာ ဒီကနေ့မတ်လ ၂ ရက်နေ့တရက်တည်းမှာ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ အရပ်သားနှစ်ယောက်ပစ်ခတ်ခံရပြီး အရပ်သားသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်မှုဟာ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ပစ်ခံရလို့ သေဆုံးခဲ့တဲ့ အရပ်သားနှစ်ယောက်က စဥ့်ကူးမြို့နယ်ကဖြစ်ပြီး နောက်ထပ်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကတော့ တောင်သာမြို့နယ်ကဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့ အရပ်သားတွေကတော့ စဉ့်ကူးမြို့နယ်၊ခူလယ်ကျေးရွာအုပ်စု၊ရေမျက်ရေးရွာနေ ကိုခင်မောင်ချင်းဆိုသူနဲ့ စဉ့်ကူးမြို့ နဲ့ ၇မိုင်ခန့် အကွာမှာရှိတဲ့ ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးခင်​မောင်စိုးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

နောက်ထပ်တောင်သာမြို့နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကတော့ ရဲတပ်၀င်တွေကတော့ ရဲတပ်ကြပ် ရဲမောင်ထွန်းနဲ့ ရဲတပ်သား​ဖြစ်သူအောင်ပြည်ဖြိုးတို့ဖြစ်တယ်လို့ ကနဦးသိရပါတယ်။

” ဒီမနက် ၇ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားက တောင်သာ-ဇဂျမ်းသွားကားလမ်းမ၊အနောက်ဈေးလမ်း နဲ့ ဇဂျမ်းလမ်းဆုံမှာ ပစ်ခံရတာပါ၊ ဒဏ်ရာကတော့ စိုးရိမ်ရ တဲ့အခြေအနေရှိတယ်၊ကျနော်တို့လည်း အဲ့လောက်ထိပဲသိရတယ် ” လို့ တောင်သာမြို့ခံတယောက်ကပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင် PDF တွေက ကြေညာချက်ထုတ်ပြန်တာ မရှိသလို နစက ဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊ မန္တလေး မိုးကုတ်ကားလမ်းဘေးက ကျည်တောက်ပေါက်ရွာမှာရှိတဲ့အထက်တန်းကျောင်းမှာ လုံခြုံရေးယူထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

စဥ့်ကူးမြို့နယ်နဲ့တောင်သာမြို့နယ်တွေမှာ အရင်ကလည်း မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အရပ်သားသေဆုံးတာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အသတ်ခံရတာ၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာတွေ ရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ တောင်သာမြို့နယ်ထွေအုပ်က မန္တလေးတိုင်းအတွင်း ပစ်ခတ်မှုတွေ အပါအဝင် လက်လုပ်မိုင်းပေါက်ကွဲတာတွေဖြစ်ပွားနေတာကြောင့် တောင်သာမြို့နယ်အတွင်းမှာ ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ယောက် စီးနင်းခွင့်နဲ့ အမျိုးသမီးမောင်းတဲ့ဆိုင်ကယ်နောက်မှာ အမျိုးသားတယောက် လိုက်ပါစီးနင်းခြင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး တားမြစ်လိုက်ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW