မတ် ၆ – ၂၀၂၄ SN (VOM) လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ကထိက ငါးယောက်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) လက်အောက်ခံ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ် ကျပ် ကိုးသိန်းစီ ချမှတ်ခဲ့တယ်လို့ အဲဒီ ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကို KNDF ပူးပေါင်း အဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် ၂၀၄ ယောက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ခေါ်ဆောင်ခံရသူ ၂၀၄ ယောက်အနက် အများစုကို IEC က ပြည်နှင်ဒဏ်ချမှတ်ခဲ့ပြီး နစကနဲ့ တိုက်ရိုက်ပတ်သက်သူ ငါးယောက်ကို မတရားအသင်း ဆက်သွယ်မှု…
Read MoreDay: March 6, 2024
ယနေ့ ရွှေဈေး (မတ် – ၆ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၀၃၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၀၃၀၀၀ ကျပ် ဝယ်ဈေး ၃၇၆၃၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပြည်တွင်းရွှေဈေး ကျပ် သိန်း ၄၀ ကျော်ထိ စံချိန်တင် မြင့်တက်လာ
မတ် ၆ – ၂၀၂၄ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ဒီကနေ့ မတ် ၆ ရက်၊ နေ့လယ်ပိုင်းကစပြီး ကျပ် သိန်း ၄၀ ကျော်ထိ စံချိန်တင် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် (တနင်္လာနေ့) ဈေးကွက်ဖွင့်ချိန်က တကျပ်သား သုံးဆယ့်ကိုးသိန်း ငါးသောင်းဝန်းကျင် ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နောက်တနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေပိုင်းမှာ တကျပ်သား သုံးဆယ့်ရှစ်သိန်း ရှစ်သောင်းအထိ ပြန်လည် ကျဆင်းခဲ့ပေမယ့် အဲ့ဒီ့နောက်ပိုင်း ကျပ် ၃၉ သိန်းကျော်နဲ့ တောက်လျှောက် မြင့်တက်လာခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ကျပ် သိန်း လေးဆယ်ငါးထောင် ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ “ရွှေဈေးက အပြင်ဈေးကွက်မှာတော့…
Read Moreယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ရုရှားတပ်မှူးတွေကို အိုင်စီစီ ဖမ်းဝရမ်းထုတ်
သည်ဟိတ်၊ မတ်-၆-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ရုရှားထိပ်တန်း တပ်မှူးတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ရုရှားကြည်းတပ် ဒုတိယဗိုလ်ချုပ် ဆာဂေးကိုဘီလတ်ချ် နဲ့ ရေတပ်ဗိုလ်ချုပ် ဗစ်တာဆိုကိုလော့ဗ်တို့ကို အိုင်စီစီက ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအရာရှိတွေကို ဒုတိယအကြိမ် ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။ ပထမအကြိမ် ဖမ်းဝရမ်းထုတ်ခံမှုကတော့ ရုရှားသမ္မတ ပူတင်နဲ့ ကလေးသူငယ်ဆိုင်ရာ သံတမန်တို့ဖြစ်ပါတယ်။ ရုရှားဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် အိုင်စီစီအနေနဲ့ သူတို့ကို စွဲချက်တင်နိုင်ရေး လွှဲပြောင်းဖို့ မဖြစ်နိုင်သေးပါဘူး။ လက်ရှိဖမ်းဝရမ်းထုတ်ခံလိုက်ရတဲ့ ယူကရိန်းတပ်မှူးနှစ်ယောက်ဟာ ယူကရိန်းလျှပ်စစ်အခြေခံအဆောက်အအုံ တွေကို တိုက်ခိုက်မှုမှာ တာဝန်ကြီးကြောင်း ကျိုးကြောင်းဆီလျော်တဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ အိုင်စီစီက ဆိုပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ကျူးလွန်ခဲ့တာလို့ အိုင်စီစီက ပြောပါတယ်။…
Read Moreအထက်တန်းပညာ သင်ယူမှုပြီးစီးကြောင်းလက်မှတ် HSCC ရထားသူတွေ သက်/မွေးကောလိပ်တွေပြီးပါက တက္ကသိုလ် ဆက်လက်တက်ရောက်နိုင်
ရန်ကုန် ၊မတ် ၆ – ၂၀၂၄ GG (VOM ) အထက်တန်းပညာသင်ယူမှုပြီးစီးကြောင်းလက်မှတ်(High School Completion Certificate)ရရှိတဲ့ Grade 12 ကျောင်းသားကျောင်းသူတွေအနေနဲ့ အသက်မွေး ဝမ်း ကျောင်း ကောလိပ်ကိုတက်ရောက်နိုင်သလို တက်ရောက်ပြီးချိန်မှာလည်း University တက္ကသိုလ်ကို ထပ်မံတက်ရောက်နိုင်ခွင့်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။ ဒါကြောင့် အထက်တန်းပညာသင်ယူပြီးစီးကြောင်းလက်မှတ်(HSCC)ရရှိထားတဲ့ကျောင်း သားကျောင်းသူတွေဟာ (GTI)ကွန် ပျူတာကောလိပ်၊အသက်မွေးဝမ်းကျောင်းပညာ၊ စိုက် ပျိုးရေးမွေးမြူရေး ကောလိပ် အားလုံးမှာ တက်ရောက်ခွင့်ရှိပြီး ကောလိပ်အသီးသီးမှာ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်တက်ရောက်သင်ယူတတ် မြောက်ပြီးတဲ့အခါ Diploma(ဘွဲ့လက်မှတ်)ရရှိပြီး လုပ်ငန်းခွင်ကိုဝ င်ရောက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အကယ်၍ လုပ်ငန်းခွင်မဝင်သေးဘဲ တက္ကသိုလ်အသီးသီးမှာ ဆက်လက်ပညာဆည်းပူးလိုပါကလည်း ပေါင်းကူး(bridge)အစီအစ ဉ်ဖြင့်မိမိရရှိထားတဲ့ Diploma နဲ့ဘာသာရပ်သင် တက္ကသိုလ် ရဲ့ ဒုတိယနှစ်၊တတိယနှစ်အတန်းတွေမှာ ဆက်လက်တက်ရောက်ပြီး တက္ကသိုလ်က ဘွဲ့ကိုရယူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ” အရင်လက…
Read Moreအိန္ဒိယ ဆန္ဒပြလယ်သမားတွေ မြို့တော်ဒေလီကို ချီတက်ဆန္ဒပြဖို့ ကြိုးပမ်းပြန်
ဒေလီ၊ မတ်-၆-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ လယ်ယာထွက်ကုန်သီးနှံတွေအတွက် အနိမ့်ဆုံးဈေးနှုန်းကို အစိုးရက အာမခံချက်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြလယ်သမားတွေဟာ မြို့တော်ဒေလီကို ချီတက်ပြဖို့ ပြန်လည်စတင်လိုက်ပါတယ်။ ဆန္ဒပြပွဲတွေအတွင်း လယ်သမားတယောက်သေဆုံးပြီးနောက် ဖေဖော်ဝါရီလကုန်မှာ လယ်သမားတွေဟာ သူတို့ရဲ့ ဆန္ဒပြမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ လယ်သမားများရဲ့ ချီတက်ဆန္ဒပြမှုကို တားဆီးဖို့ ဒေလီရဲ့ နယ်နိမိတ်တွေကို ရဲတပ်ဖွဲ့က တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားပါတယ်။ အိန္ဒိနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လအနည်းငယ်သာလိုတော့တဲ့ အချိန်မှာ လယ်သမားတွေရဲ့ ချီတက်ဆန္ဒပြပွဲတွေ ပြန်လည်စတင်နေတာဖြစ်ပါတယ်။ ပန်ဂျပ်၊ ဟာရီယာနာနဲ့ ဥတာပရာဒေ့ရှ်ပြည်နယ်တွေက လယ်သမားတွေဟာ ဖေဖော်ဝါရီလဆန်းမှာ ဒေလီကို ချီတက်ဆန္ဒပြမှုတွေကို ရပ်တန့်အတွက် အစိုးရနဲ့ လယ်သမား သမဂ္ဂတွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက်မရရှိခဲ့ပါဘူး။ လယ်သမားတွေဟာ အိန္ဒိယနိုင်ငံအတွက် အရေးပါတဲ့ အသိုက်အဝန်းဖြစ်တာကြောင့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရဟာ တင်းမာမှုမြင့်တက်စေနိုင်တဲ့ လုပ်ရပ်တွေကို ပြုလုပ်ဖွယ်မရှိနိုင်ဘူးလို့…
Read Moreမြန်မာဘက်ကနေ တရုတ်ဘက် တခါသုံးကဒ်နဲ့ ဝင်လာသူတွေ အလုပ်သမားရုံး တခုတခုရဲ့ ထောက်ခံစာရှိမှ ရွှေလီထဲ ဝင်လို့ရ
မတ် ၆၊ ၂၀၂၄ Shy V (VOM) မြန်မာဘက် မူဆယ်ကနေ တရုတ်ဘက် တခါသုံးကဒ်နဲ့ ဝင်လာသူတွေအနေနဲ့ မတ်လ ၅ ရက်နေ့ကစ အလုပ်သမားရုံး တခုတခုရဲ့ ထောက်ခံစာ ရှိမှ ရွှေလီထဲ ဝင်လို့ရတော့မှာ ဖြစ်ကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။ “အခုဟာက ဘယ်လိုတွေမှန်းကို မသိဘူး။ ဝင်လာတဲ့ သူတွေက ငွေကုန်ပေါက်တွေပဲ။ အခုဟာက ဘယ်လို စနစ်နဲ့ ပြန်ပြောင်းသွားတာလဲ ဆိုတော့ အခု ၇ ရက်ကဒ်နဲ့ ဝင်လာတဲ့ သူတွေ ရွှေလီကို ဝင်ချင်တိုင်း ဝင်လို့ မရတော့ဘူး။ ကျယ်ဂေါင်မှာ အလုပ်သမားရုံးတွေ သွားထိုင်တယ်။ အဲဒီ ကနေပြီးတော့ သူတို့ ထောက်ခံစာ ထုတ်ရမယ်တဲ့။ ထုတ်ပြီးမှ ရွှေလီထဲ ဝင်ရမှာ။ တပတ်ကဒ်နဲ့ ဝင်လာတဲ့ သူတွေ အကုန်လုံးက…
Read Moreအရင်ကထက် ပြုပြင်မှုတွေ ပိုလုပ်ထားတဲ့ မဟာမုနိ ဘုရားကြီးပရဝဏ် မန္တလေး၊ မတ်- ၆- ၂၀၂၄ SA(VOM) ကိုဗစ်ကာလအတွင်း ဘုရားဖူးခွင့် ပိတ်ပင်ထားခဲ့တဲ့အချိန်မှာ မန္တလေးက မဟာမုနိဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဟာ ဘုရားကြီး ပရဝဏ်အတွင်းမှာရှိတဲ့ အဆောက်ဦးတွေနဲ့ပန်းခြံ ငါးကန်တွေကို အကြီးစား အသေးစားပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ မဟာမုနိဘုရားကြီးပရဝဏ်အတွင်းက ပြောင်းလဲမှုတွေကို မြင်တွေ့ရတဲ့ ဒီကနေ့ မြင်ကွင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။
အရင်ကထက် ပြုပြင်မှုတွေ ပိုလုပ်ထားတဲ့ မဟာမုနိ ဘုရားကြီးပရဝဏ် မန္တလေး၊ မတ်- ၆- ၂၀၂၄ SA(VOM) ကိုဗစ်ကာလအတွင်း ဘုရားဖူးခွင့် ပိတ်ပင်ထားခဲ့တဲ့အချိန်မှာ မန္တလေးက မဟာမုနိဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဟာ ဘုရားကြီး ပရဝဏ်အတွင်းမှာရှိတဲ့ အဆောက်ဦးတွေနဲ့ပန်းခြံ ငါးကန်တွေကို အကြီးစား အသေးစားပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ မဟာမုနိဘုရားကြီးပရဝဏ်အတွင်းက ပြောင်းလဲမှုတွေကို မြင်တွေ့ရတဲ့ ဒီကနေ့ မြင်ကွင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။
Read Moreယနေ့ ရွှေဈေး (မတ် – ၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreFacebook အပါအဝင် ဆိုရှယ်မီဒီယာအချို့ ကမ္ဘာ့နေရာအနှံ့အပြားမှာ အသုံးပြုမရဘဲ ပြတ်တောက်မှု ဖြစ်ပွားခဲ့
ရန်ကုန် ၊ မတ် ၆ – ၂၀၂၄ GG(VOM) မတ်လ ၅ ရက်နေ့ ညပိုင်းမှာ Meta ကုမ္ပီဏီရဲ့ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook ၊ Messenger ၊ Instagram နဲ့ ဆိုရှယ်အက်ပလီကေးရှင်းအချို့ မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား မှာ အချိန် တနာရီကြာအောင် အသုံးပြုလို့မရဘဲ ရပ်ဆိုင်းသွားတဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ် ။ မြန်မာနိုင်ငံမှာတော့ မတ်လ ၅ ရက်နေ့ ညပိုင်း ခန့်မှန်း ၉ နာရီ ၄၅ မိနစ်လောက်ကစပြီး Facebook ၊ Messenger ၊ Instagram အပါအဝင်အားလုံး အကောင့်ဝင်မရဘဲ Auto logout ဖြစ်သွားခဲ့တာဖြစ်ပြီး ဖြစ်ပွားချိန်ဟာ ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာမှ Facebook အပါအဝင်…
Read More