ဝါရှင်တန်၊ မတ်-၁၀-၂၀၂၄
မျိုးဆက်(VOM)
ယီမင်ကမ်းလွန်မှာ သင်္ဘောတွေကို တိုက်ခိုက်မှုပြုလုပ်နေတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေကို ဆက်တိုက်ချေမှုန်းခဲ့ကြောင်း အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် စစ်တပ်တို့က ပြောပါတယ်။
ဒီလို တန်ပြန်ခြေမှုန်းရာမှာ ဟူသီတို့ဘက်က မောင်းသူမဲ့ လေယာဉ် ၂၈ စင်းထက်မနည်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။ဟူသီတွေဟာ ပင်လယ်နီမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောနဲ့ အမေရိကန်ဖျက်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဟူသီတို့ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် စစ်သင်္ဘောပေါ်ကနေ ဒုံးကျည်တွေနဲ့ ကြားဖြတ်ပစ်ချခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သင်္ဘောတွေပျက်စီးမှုနဲ့ ကုန်တင်သင်္ဘောတွေ ပျက်စီးထိခိုက်မှုမရှိခဲ့ကြောင်း အမေရိကန်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဟားမတ်စ်နဲ့ အစ္စရေးတို့အဖြစ် ဖြစ်ပွားခဲ့တဲ့ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဟူသီတို့ဟာ ပင်လယ်နီရှိ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မကြာသေးမီသီတင်းပတ်က ပင်လယ်နီမှာ ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘောမှ အမှုထမ်းသုံးဦး သေဆုံးခဲ့ပြီး ဒါဟာ တို်ကခို်ကမှုတွေ စတင်ကတည်းက ပထမဆုံးသော လူသေဆုံးမှုဖြစ်ပါတယ်။
ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘောတွေဟာ ဥရောပနဲ့အာရှအကြား စူးအက်တူးမြောင်းကို အသုံးပြုတာထက် အာဖရိကတောင်ပိုင်းကနေ လမ်းကြောင်းပြောင်းပြေးဆွဲလာတာတွေရှိပြီး ကုန်ကျစရိတ်ကြီးမြင့်ကာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် ထိခိုက်မှုတွေ ရှိနေပါတယ်။
Ref: BBC
Photo:MoD